ခြေထောက်မှာ ဗွေပါတယ်လို့ ဆိုရလောက်အောင် ခရီးသွားရတာ ဝါသနာပါတဲ့သူတွေအတွက် လမ်းတွေက သူ့မိတ်ဆွေပါပဲ။ သူ့မိတ်ဆွေတွေဆီ သွားမယ့် ကျောပိုးအိတ်နဲ့ ခရီးသည်တစ်ယောက်အတွက် ခရီးသွားခြင်းအရသာကို ပိုကောင်းစေပြီး ခရီးသွားမှုကို ပိုလွယ်ကူစေဖို့အတွက် လက်စွဲပစ္စည်းလေးတွေ ဆောင်ထားသင့်ပါတယ်။

(၁) အကြွေးဝယ်ကဒ်

ခရီးသွားမှတော့ ပိုက်ဆံကတော့ မဖြစ်မနေ ပါဖို့ လိုပါတယ်။ ဒါပေမယ့် ပိုပြီး စိတ်ချရအောင် Credit Card လေးပါ ထည့်သွားသင့်ပါတယ်။ ဒါမှသာ အရေးပေါ် အခြေအနေမှာ အခက်အခဲတွေ ဖြေရှင်းနိုင်မှာပါ။

(၂) အိပ်ဆောင်တဲ

ခေါက်လို့ သိမ်းလို့ ရမယ့် Tent လေးကတော့ သွားလေရာ ပါသင့်ပါတယ်။ တကယ်လို့ သင်က Hiking ခရီးလိုမျိုးကို စွန့်စားခန်းထွက်မယ်ဆိုရင် ပိုလို့တောင် ပါသင့်ပါတယ်။

(၃) eBook စာအုပ်

ခရီးသွားရင်း စာဖတ်တာဟာ အတော်လေး အရသာ ရှိပါတယ်။ စာအုပ်တွေကိုတော့ ရေစိုမိုးစိုခံ မစုတ်မပြဲအောင် သယ်ဖို့က မလွယ်ပါဘူး။ Kindle လို eBook လေး ပါသွားရင်တော့ စာအုပ်ပေါင်း ထောင်နဲ့ချီ ထည့်သွားလို့ရလို့ အကြိုက်ဖတ်လို့ ရပါတယ်။

(၄) Packing Cubes

ကင်မရာ lens လို ၊ ပိုက်ဆံအိတ်နဲ့ အဝတ်အစားလို ခရီးဆောင်ပစ္စည်းလေးတွေကို ကျစ်ကျစ်လစ်လစ်နဲ့ ထည့်သွားဖို့အတွက် Packing Cubes လေး‌တွေ ပါတဲ့ ခရီးဆောင်အိတ်လေးတော့ လိုပါတယ်။ Pacing Cubes ပါတဲ့ ခရီးဆောင်အိတ်တွေဟာ ဘက်စုံသုံးလို့ရပြီး ခရီးသွားချိန်မှာ အပြီးပြည့်စုံဆုံး မိုဘိုင်းသိုလှောင်ရုံတစ်ခုလိုပါပဲ။

(၅) Eye Mask

ညဘက်တွေ ကားပေါ် ရထားပေါ်မှာ အနှောင့်အယှက်ကင်းကင်းနဲ့ အိပ်စက်နိုင်ဖို့အတွက် Eye Mask တွေက အကူအညီပေးနိုင်ပါတယ်။ အနည်းဆုံးတော့ အဝေးပြေးကားပေါ် ညဘက်ခရီးသွားနေတုန်း ကားပေါ်က LED မီးတွေကြောင့် အိပ်ရေးမပျက်အောင် ကူညီပေးမှာ သေချာပါတယ်။