ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက်ကတော့ pose ပေးနည်းအားလုံးက အသုံးဝင်မှာပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ kdrama fan တွေချစ်ရတဲ့ မင်းသမီးချောလေး Han So Hee ရဲ့ photo pose idea တချို့ကို မျှဝေပေးလိုက်ပါတယ်။

အနောက်မှာ မှီစရာ၊ လက်တင်စရာနေရာ တစ်ခုခုရှိရင် Han So Hee လိုမျိုး pose ပေးကြည့်ပါ။ ခြေထောက်ကိုလည်း အဲ့အတိုင်းထားပါ။ ဒီလို pose မျိုးက မျက်နှာထားတည်နေရင် ပိုမိုက်ပါတယ်။

ထိုင်ခုံမှာထိုင်ရိုက်မယ်ဆိုရင် Han So Hee ရဲ့ ဒီ pose ကို လုပ်ပြီး ရိုက်ကြည့်ပါ။ ကျော့ရှင်းတဲ့ပုံစံလေးနဲ့ အရမ်းလှပါတယ်။ ခြေထောက်ချိတ်ထားတဲ့ ပုံစံလေးက အသက်ပါပဲ။

ကိုယ့်အခန်းထဲမှာ ဒီလိုလေးထိုင်ပြီး ဆံပင်ကိုစုပြီး မြှောက်တင်ထားတဲ့ပုံလေး pose ပေးရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး မိုက်ပါတယ်။

အိပ်ယာပေါ်မှာ စာအုပ်လေးနဲ့ ဒီလို pose လေးတွေ ရိုက်လို့ရပါတယ်။ အရမ်းလှတဲ့ ပုံကောင်းလေးတွေ ထွက်လာမှာ သေချာပါတယ်။

လှေကားမှာထိုင်ပြီး Han So Hee ရဲ့ ဒီ pose လေးကို သေချာလိုက်လုပ်ပြီး ရိုက်ကြည့်ပါ။ ရိုက်ပေးတဲ့သူကလည်း အောက်ကနေ သေချာပင့်ရိုက်ပေးဖို့ လိုပါတယ်။ သူများနဲ့မတူပဲ လှလည်းလှသလို၊ မိုက်လည်းမိုက်တဲ့ ပုံကောင်းတစ်ပုံ ဖြစ်လာပါလိမ့်မယ်။

Han So Hee ရဲ့ ဒီပို့စ်လေးတွေဆိုရင် အများကြီးကြိုးစား လုပ်ယူနေစရာမလိုပါဘူး။ အရမ်းလွယ်ပါတယ်။ လှပပြီး ချစ်ဖို့ကောင်းတဲ့ ပုံကောင်းလေးတွေ ထွက်လာမှာပါ။

ဓာတ်ပုံရိုက်ဖို့ pose ပေးရင် လက်ဘယ်နားထားရမှန်းမသိဘူး၊ လက်က ဘာလုပ်ရမှန်းမသိဘူး ဆိုတဲ့သူတွေက Han So Hee ရဲ့ ဒီ pose ideas လေးတွေကိုသာ မှတ်ထားလိုက်ပါ။

ထိုင်ပြီးရိုက်ရင် Han So Hee ရဲ့ ဒီ pose လေးကိုလည်း try ကြည့်ပါ။ ဆွဲဆောင်မှုရှိတဲ့ ပုံကောင်းတစ်ပုံ ထွက်လာမှာသေချာပါတယ်။

အရမ်းမိန်းကလေးဆန်တဲ့ pose တွေမကြိုက်တဲ့သူတွေကတော့ Han So Hee ရဲ့ ဒီ pose လေးကို လိုက်ရိုက်ကြည့်ပါ။ တစ်မျိုးလေးဆန်းပြီး လှပါတယ်။

Photo source:www.pinterest.com