Seventeen အဖွဲ့ဝင်ဖြစ်တဲ့ Vernon ကိုတော့ တော်တော်များများသိကြမယ်လို့ ထင်ပါတယ်။ သူများနဲ့မတူတဲ့ မျက်နှာလေးနဲ့ အရမ်းချောသန့်ပြန့်လွန်းလို့ Debut စလုပ်ကတည်းက လူကြိုက်များလှတာလို့လည်း ပြောလို့ရပါတယ်။

ဒါ့အပြင် Vernon က အခုမှ အသက် ၂၃ နှစ်ပဲရှိပါသေးတယ်။ အမေရိကန်နဲ့ ကိုရီးယားစပ်ထားတဲ့ ကပြားလေးဆိုတာကိုလည်း သိပြီးကြမယ်လို့ ထင်ပါတယ်။ ဒီတော့ Vernon ကိုကြိုက်တဲ့ ပျိုမေပရိသတ်တွေနဲ့ ဖက်ရှင်ကိုစိတ်ပါဝင်စားတဲ့ အမျိုးသားတွေအတွက် သူ့ရဲ့ပေါ့ပါးလွတ်လပ်ပြီး စမတ်ကျတဲ့ ဖက်ရှင်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Source: www.pinterest.com