ဆံပင်ကောက်ထားတဲ့ကောင်မလေးတွေအတွက် လှတဲ့ဆံပင်တစ်ဝက်စည်းနည်း အမျိုးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆံပင်ပုံစံလေးတွေအားလုံးက ထသွားထလာပြင်ဖို့အတွက်လည်း အဆင်ပြေသလို၊ ပွဲတက်တဲ့အခါ၊ အရေးကြီးအခမ်းအနားတွေသွားရတဲ့အခါမျိုးမှာဆိုလည်း ပြင်သွားဖို့ အရမ်းလှတဲ့ပုံစံလေးတွေပါ။ ဖက်ရှင်မျိုးစုံနဲ့လည်းလိုက်ဖက်တာကြောင့် မိန်းကလေးတိုင်းသဘောကျမှာပါ။

ဆံပင်တိုတဲ့ကောင်မလေးတွေဆိုရင် တစ်ဝက်လေးယူပြီး ထိပ်မှာဆံထုံးလိုမျိုးဖြစ်အောင်လုပ်ပါ။ ပြီးရင်တော့ အလှခေါင်းစည်းကြိုးလေးနဲ့ပတ်လိုက်ရုံပါပဲ။

ဆံပင်ကို တစ်ဝက်စည်းသလိုလေးယူပြီး ကျစ်ဆံမြီးကျစ်လိုက်ပါ။ ဒီဆံပင်ပုံစံလေးဆိုရင် ထသွားထလာအတွက် တော်တော်အဆင်ပြေပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီဆံပင်ပုံစံလေးဆိုရင် လူတိုင်းလုပ်တတ်ပါတယ်။ ဆံပင်ကိုတစ်ဝက်စည်းပြီးမှ အထဲကိုလိမ်ပြီးယူလိုက်တာမျိုးပါ။ ဒီလိုပုံစံလေးလုပ်တာက ဆံပင်ကောက်ထားတဲ့သူနဲ့ဆို အရမ်းလိုက်ပါတယ်။

ဆံပင်ကို ဘေးဘက်လေးကနေနည်းနည်းယူပြီး ကျစ်ဆံမြီးနှစ်ဖက်ကျစ်ပါ။ ပြီးမှ အနောက်မှစုပြီးစည်းလိုက်ပါ။ ဒီဆံပင်ပုံစံဆိုရင် ထသွားထလာလည်းအဆင်ပြေသလို၊ ပွဲတက်ဖို့အတွက်လည်း အဆင်ပြေပါတယ်။

ပွဲတွေသွားတဲ့အခါမျိုးမှာဆို ဘယ်တော့မှရိုးမသွားပဲလှနေမယ့် ဆံပင်ပုံစံလေးပါ။ ဆံပင်အကောင်လေးတွေနဲ့ဆို အရမ်းလှပါတယ်။

ဆံပင်ကိုရိုးရိုးပဲတစ်ဝက်စည်းပြီး အနောက်မှာ ဆံထုံးလိုမျိုးလေးလုပ်လိုက်ပါ။ ပြီးရင်တော့ ပုဝါလေးနဲ့ပတ်ပြီး စည်းကြည့်ပါ။ Summer Style လေးလည်းဖြစ်သလို၊ Festival ပွဲတွေနဲ့လည်း လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးပါ။

ဒီတစ်ဝက်စည်းတဲ့ဆံပင်ပုံစံကျတော့ ကျစ်ဆံမြီးကျစ်ထားတာလည်း ပုံစံဆန်းဆန်းလေးဖြစ်ပါတယ်။ လုပ်ရတာခက်ပေမယ့် ပွဲတက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ Festival ပွဲသွားရင်ပဲဖြစ်ဖြစ် အရမ်းလိုက်ဖက်ပါတယ်။

Photo source: www.pinterest.com