နွေရာသီပဲဖြစ်ဖြစ် မိုးတွင်းပဲဖြစ်ဖြစ် ရာသီမရွေး အဆင်ပြေစေမယ့် ဆံပင်ထုံးဖွဲ့နည်းတွေကို မျှဝေပေးချင်ပါတယ်။ ဆံပင်ပုံစံကို ပုံစံအမျိုးမျိုး ထုံးဖွဲ့တတ်တာဟာလည်း သင့်ရဲ့ ထင်ရှားတဲ့ အလှတရားတစ်ခုပါပဲ။

ပုံစံ (၁)

အရင်ဆုံး ဆံပင်ကိုအောင်ခြေကနေ စည်းထားလိုက်မယ်။ ပြီးရင် ပုဝါကိုလိမ့်ပြီး ဆံပင်ကို ပုဝါနဲ့လိမ့်ယူလိုက်ပါ။ ပြီးရင် ပုဝါစအစွန်းနှ်ဖက်ကို စည်းလိုက်ပါ။ ဆံပင်က သပ်သပ်ရပ်ရပ်ဖြစ်စရာမလိုပါဘူးနော်။ ဆံပင်ပွပွလေးဖြစ်နေတာကိုက စတိုင်လ်ကျလှပနေစေမှာပါ။

ပုံစံ (၂)

ဆံထုံးထုံးချင်တယ် ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက်ပါ။ အရင်ဆုံး ဆံပင်ကို ဘုလေးဖြစ်အောင် တစ်ဝက်စည်းပြီး ထုံးလိုက်ပါ။ ပြီးရင် ကျန်တဲ့ဆံပင်ကို ရစ်လိုက်ပြီး ပတ်ထုံးပေးလိုက်ပါ။ ပြီးရင်တော့ ကလစ်ညှပ်ပေးလိုက်ပါ။ ရိုးရိုးလေးပါပဲ။ အစပိုင်းမှာ လုပ်လို့အဆင်မပြေပေမယ့် လုပ်ရင်းနဲ့ ကျွမ်းကျင်သွားရင် အရမ်းကို လွယ်ကူသွားမှာပါနော်။

ပုံစံ (၃)

အရင်ဆုံး ဆံပင်ကို အရှေ့နားမှာ နည်းနည်းချန်ပြီး အနောက်ကျ ဆံပင်တွေကို စုစည်းလိုက်ပါ။ ပြီးရင်တော့ စည်းထားတဲ့ဆံပင်ကို နှစ်ဖက်ခွဲပြီး ကြိုးထဲမှာ ထိုးထည့်လိုက်ပါ။ ပြီးရင်တော့ ဆံပင်ကို ပွပွလေးဖြစ်သွားအောင် ခေါင်းဘီးနဲ့ ဖွပေးလိုက်ပါ။ ပြီးရင် ဆံပင်အဖျားနားမှာ စည်းပေးထားပြီး လိမ့်ပြီး စောစောက ခေါင်းစည်းထားတဲ့နားမှာ ထည့်ပေးလိုက်ပါ။ ပြီးရင် ကလစ်လေးတွေကို ထိုးလိုက်ပါ။ အရှေ့မှာ ချန်ခဲ့တဲ့ ဆံပင်လေးကို ရစ်လိုက်ပြီး ဆံထုံးအပေါ်ကနေ ပတ်ပေးလိုက်ပါ။

ပုံစံ (၄)

(၅) မိနစ်အတွင်း ဆံပင်ကို အလွယ်တကူ ထုံးဖွဲ့ပြီး စတိုင်လ်ထုတ်ရအောင်

နောက်ဆုံး ပြောပြချင်တဲ့ ပုံစံလေးကတော့ အရင်ဆုံး ဆံပင်ကို နှစ်ဖက်ခွဲပြီး စုကိုင်ထားပါ။ ပြီးရင် ဆံပင်နှစ်ဖက်ကို စုပြီးချည်လိုက်ပါ။ ကျန်တဲ့ ဆံပင်လေးတွေကို အရစ်ပတ်လိုက်ပါ။ ပြီးရင် ကလစ်ကို ခိုင်ခိုင်တွဲလိုက်ပါနော်။ ဆံပင်ကခေါင်းလျှော်ပြီးခါစမို့အရမ်းပျော့နေရင် gel လေး ဖျန်းပေးပြီးမှ လုပ်ပေးပါ။