အခုခေတ်စားနေတဲ့ claw clip လေးတွေဆိုရင် လူငယ်ကောင်မလေး တော်တော်များများမှာ ရှိမှာပါ။ အများစုက နောက်ကိုဆံပင်လှန်တင်တာလောက်ပဲ လုပ်ကြတာပါ။ ဒါပေမယ့် အဲ့ကလစ်လေးတွေက တခြားပုံစံတွေလည်း အများကြီးပြင်ဆင်လို့ရပါတယ်။ ဒါကြောင့် အခုခေတ်စားနေတဲ့ Claw Clip လေးတွေနဲ့ ဆံပင်ကို အမျိုးမျိုးပြင်ဆင်လို့ရမယ့် hairstyle တွေ ဖော်ပြပေးလိုက်ပါတယ်။

Claw clip လေးတွေညှပ်ပြီး ဆံပင်လှန်တင်ထားတာမျိုးလေးပါ။ ဒီပုံစံလေးကတော့ အခုနောက်ပိုင်းမှာ မိန်းကလေးတိုင်း ပြင်နေကြတဲ့ပုံစံလေးပါ။

Claw clips လေးတွေနဲ့ ဆံပင်တစ်ဝက်စည်းတာမျိုးလည်း ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ မိန်းကလေးဆန်ပြီး လှနေမှာပါ။

ဆံပင်ကို claw clip နဲ့ တစ်ဝက်စည်းတာက လူတိုင်းလုပ်နေလို့ ရိုးတယ်လို့ထင်ရင် ဒီလိုမျိုးလေး တစ်ဝက်လှန်တင်ပါ။ အထာကျတဲ့ပုံစံလေးနဲ့ အရမ်းလှပါတယ်။

ဆံပင်ကို ဒီလိုလေးပြင်ပြီးတော့ claw clip လေးညှပ်လိုက်ရင်လည်း တစ်မျိုးဆန်းပြီး လှပါတယ်။ Claw clip က သုံးတတ်မယ်ဆိုရင် အမျိုးမျိုးပြင်ဆင်လို့ရပါတယ်။

ဆံပင်ပါးတဲ့သူတွေ၊ အရမ်းမထူတဲ့သူတွေဆိုရင် claw clip လေးနဲ့ ဆံပင်အားလုံးကိုစုပြီး ဒါမျိုးလေးညှပ်လို့လည်း ရပါတယ်။ ကပိုကယိုပုံစံလေးနဲ့ လှနေမှာပါ။

ဒီလို နောက်တွဲဆံထုံးလိုမျိုးလေး ထုံးပြီးတော့လည်း claw clip လေးကို အလှညှပ်ကြည့်ပါ။ အရမ်းလှသလို ကြည့်ရတာလည်း အမြင်တစ်မျိုးလေး ဖြစ်နေစေပါတယ်။

ဒီ hairstyle လေးဆိုရင် ဆံထုံးထုံးပြီး claw clip ကို ဘေးမှာသပ်သပ် အလှတပ်ထားတာပါ။ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေဝတ်ပြီး ဒီလိုလေးပြင်လိုက်ရင် လုံးဝကိုဆန်းသစ်တဲ့ပုံစံလေးနဲ့ အထာကျနေမှာပါ။

ဆံပင်ရှည်တဲ့သူတွေဆိုရင် claw clip နဲ့ ဆံပင်ကို ဒီလိုမျိုးလေးပြင်လို့ရပါတယ်။ ဒါပေမယ့် ဒီ hairstyle လေးကျတော့ ဆံပင်အရောင်ဆိုးထားတဲ့သူတွေနဲ့မှ ပိုပြီးလိုက်ဖက်မှာပါ။

ဒီ hairstyle လေးဆိုရင် ထိပ်မှာဆံထုံးထုံးပြီး ဆံစနည်းနည်းအောက်ကိုချပြီး claw clip ပြန်တပ်ထားတာပါ။ ပုံစံတစ်မျိုးဆန်းတဲ့ hairstyle လေးပါပဲ။

Photo source:www.pinterest.com