အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့ရေ အလှအပတွေထဲမှာ ဆံပင်ပုံစံကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဆံပင်ပုံစံအမျိုးမျိုးလုပ်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတခါမှာတော့ အရမ်းလည်းလှပြီး ပျိုမေတို့ အားလုံး သဘောကျမယ့် ဆံပင်ပုံစံလေးတွေကို မျှဝေပေးချင်ပါတယ်နော်။
၁။ ကျစ်ဆံမြီး
ကျစ်ဆံမြီးကျစ်တဲ့အခါမှာ အလယ်တည့်တည့်ကို မကျစ်ဘဲ၊ ဘေးစောင်းလေးကျစ်ပေးတာက ပိုလှတယ်နော်။ ကျစ်တဲ့ပုံစံကို ပုံမှာပြပေးထားပါတယ်။
၂။ ဆံပင်တစ်ဝက်စည်းမယ်
အရင်ဆုံး ဆံပင်ကို အပြေကောက်လိုက်ပါ။ ပြီးရင် ဘေးနားက ဆံပင်လေးကို နည်းနည်းစီစုပြီး စည်းပေးလိုက်ပါ။ ပြီးရင် ဖဲကြိုးလေး တပ်ပေးလိုက်ပါ။
၃။ ဆံပင်စည်းမယ်
ဆံပင်စည်းတဲ့အခါ အုံထူထူလေး ဖြစ်နေစေဖို့ အခုပုံမှာပြထားတဲ့ ပစ္စည်းလေးသုံးပေးရပါနော်။ ဒါဆို ဖောင်းဖောင်းလေးဖြစ်နေစေမှာပါ။
၄။ ရေသူမ ကျစ်ဆံမြီး
ရေသူမ ကျစ်ဆံမြီးလေးကိုကျစ်ဖို့ အရင်ဆုံး ကျစ်ဆံမြီး အသေးလေး ကျစ်လိုက်ပါ။
ကျစ်တဲ့အခါတိုင်း ဘေးနားမှာ ဆံပင်တစ်ချောင်းချင်း ချပေးလိုက်ပါ။
ပြီးရင်ချထားတဲ့ ဆံပင်လေးတွေကို ကျစ်ဆံမြီးပြန်ကျစ်လိုက်ပါ။ ပြီးရင် အဲဒါကို ထပ်ပြီး ကျစ်ဆံမြီးကျစ်ပေးရမှာဖြစ်ပါတယ်။
အဲလိုမျိုးထပ်မကျစ်ဘဲ ထားရင်တောင်လှနေပါပြီနော်။
၅။ ဖဲပြားပုံလေး ဆံပင်စည်းမယ်
ဆံပင်ကို ဘေးဖက်မှာ စုစည်းလိုက်ပါ။ ပြီးရင်တော့ ဘေးနားလေးက ဆံပင်ကို နည်းနည်းလေး စုပြီး ဖဲပြားပုံစံမျိုးစုစည်းလိုက်ပါ။ ပြီးရင် ကျန်တဲ့ဆံပင်လေးကို ဖဲပြားပေါ်ကနေ ထပ်ရစ်ပတ်လိုက်ပါ။ အဲဒီနောက် ကလစ်လေးထိုးပေးလိုက်ပါ။
Source: www.trendcrown.com