တချို့ hairstyle တွေက ဆံပင်အုံထူမှ ပြင်လို့လှတာပါ။ ဒါကြောင့် ဆံပင်ကိုအမျိုးမျိုးပြင်ဆင်ရတာ ကြိုက်တယ်၊ ဆံပင်လည်းအုံထူတယ်ဆိုရင် အရမ်းလှပြီး ဆန်းသစ်တဲ့ ဒီ hairstyle လေးတွေကို ပြင်ဆင်ကြည့်ပါ။

ဒီ hairstyle ဆိုရင် လူငယ်ဆန်ပါတယ်။ Festival တွေသွားတဲ့အခါမှာလည်း ပြင်ဆင်လို့ကောင်းတဲ့ hairstyle ပါ။

ခုနက hairstyle မျိုးမလုပ်ချင်ရင် ကျစ်ဆံမြီးကျစ်ကြည့်ပါ။ လူငယ်ဆန်ပြီး ထသွားထလာပြင်ဆင်လည်း အဆင်ပြေသလို festival ပွဲတွေသွားတဲ့အခါမှာ ပြင်ဆင်လည်း လိုက်ဖက်တာပါပဲ။

ဆံပင်အုံထူတယ်ဆိုရင် ဒီ hairstyle လေးလည်း ပြင်ဆင်လို့ကောင်းပါတယ်။ လှပဆန်းသစ်တဲ့ hairstyle လေးပါ။

ဒီ hairstyle ဆိုရင်လည်း ဆံပင်အုံထူမှ ပြင်ဆင်လို့ကောင်းတာပါ။ လှလည်းလှပါတယ်။ ပွဲတက်အတွက်ပါ ပြင်ဆင်လို့ကောင်းတဲ့ hairstyle ဖြစ်ပါတယ်။

ပွဲတွေသွားစရာရှိတဲ့အခါမှာ ဆံထုံးထုံးမယ်ဆိုရင် လူကြီးဆန်တာမျိုးလည်း မဖြစ်အောင်လို့ ဒီ hairstyle လေးအတိုင်း ပြင်ဆင်ကြည့်ပါ။ ဆံပင်အုံထူရင် ပိုပြင်လို့ကောင်းပြီး အရမ်းလည်းလှပါတယ်။

ဆံပင်အုံထူပြီး ဆံပင်လည်းရှည်တယ်ဆိုရင် ဒီ hairstyle ကိုပြင်ကြည့်ပါ။ ပွဲတက်နဲ့ festival ပွဲတွေသွားတဲ့အခါမှာ အရမ်းပြင်ဆင်လို့ကောင်းပါတယ်။ ရှင်းရှင်းလေးနဲ့လှတာပါ။

ဆံပင်အုံထူတဲ့သူတွေပြင်ဆင်သင့်တဲ့ ဆန်းသစ်လှပတဲ့ hairstyle လေးပါ။ ထသွားထလာပြင်လည်း လိုက်ဖက်တာပါပဲ။

ကျစ်ဆံမြီးကျစ်ရတာကြိုက်တဲ့သူတွေက ဆံပင်အုံထူတယ်ဆိုရင် လှပတဲ့ ဒီလို hairstyle လေးကိုလည်း ပြင်ဆင်ကြည့်နော်။

ဆံပင်အုံထူရင်ပြင်ဆင်လို့ကောင်းတဲ့ နောက်ထပ် hairstyle လေးပါ။ လူငယ်ဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဆံပင်အုံထူရင် ကျစ်ဆံမြီးဒီဇိုင်းမျိုးစုံ ကျစ်လို့အရမ်းကောင်းပါတယ်။ ပြင်ဆင်သမျှက သေချာပေါ်လွင်စေလို့ ပိုလှပါတယ်။ ဒါကြောင့် ကျစ်ဆံမြီးကျစ်ရတာကြိုက်ဆိုတဲ့ ဆံပင်အုံထူသူတွေက ဒီ hairstyle လေးတွေအတိုင်းလည်း ပြင်ဆင်ကြည့်ပါ။ အရမ်းလှပါတယ်။