ဆံပင်ပုံစံအသစ် ပြောင်းလဲလိုက်တဲ့အခါ အရေးကြီးဆုံးအချက်ကတော့ ကိုယ် ကြိုက်တဲ့ ဆံပင်စတိုင်လ်ထက် ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်များ ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။

ဒါမှ ကိုယ့်ရဲ့မျက်နှာကျနဲ့ ကိုယ့်ဆံပင်စတိုင်လ်က လိုက်ဖက်နေမှာဖြစ်ပြီး ဆွဲဆောင်မှုရှိနေမှာပါ။ နောက်ထပ် အရေးကြီးတဲ့အရာကတော့ ကျွမ်းကျင်တဲ့ဆံသဆရာဆီမှာ ညှပ်ဖို့ပဲဖြစ်ပါတယ်။

ဆံပင်ပုံသွင်းပြီး ဆံပင်စတိုင်လ်သွားပြောင်းတယ်ဆိုတာက စိတ်အပန်းဖြေနည်းတစ်ခုပါပဲ။ စိတ်သစ်လူသစ်ဖြစ်အောင်လို့ ဆံပင်စတိုင်လ်သွားပြောင်းတဲ့အခါ ဆံသဆရာရဲ့ မကျွမ်းကျင်မှုကြောင့် ကိုယ့်ရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ့်အထာသိတဲ့ ဆံသဆရာထံမှာပဲ ပုံမှန်သွားညှပ်သင့်ပါတယ်။ ဘယ်လိုဆံပင်စတိုင်လ်တွေ ညှပ်ရမလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါ။

အခုဆက်လက်ဖော်ပြပေးမှာကတော့ ယခုနှစ်အတွင်း ရေပန်းစားပြီး လူအညှပ်များတဲ့ ဆံပင်စတိုင်လ်များပဲဖြစ်ပါတယ်။

Image Source: Pinterest