ဆံပင်ထိန်းသိမ်းဖို့ အချိန်တွေအများကြီး မပေးနိုင်တဲ့ပျိုမေတို့အတွက် အပြင်သွားတဲ့အခါမှာလည်း စတိုင်ကျနေသလို အချိန်ပေးထိန်းသိမ်းစရာမလိုတဲ့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

ဆံပင်အကုန်လုံးစုပြီး ထုံးထားတဲ့ ဒီလို Loose Bun က ဂျင်းဘောင်းဘီ၊ တီရှပ်တို့လို Informal Outfit တွေနဲ့ လိုက်ဖက်တဲ့အပြင် အလွယ်ထုံးလို့ရတာမလို့ အချိန်ကုန်လည်း သက်သာပါတယ်။ တခုသတိထားရမှာက တင်းနေအောင်ထုံးလွန်းရင် ထိပ်ပြောင်လာတာ ၊ ဆံပင်ကျွတ်တာတွေ ဖြစ်လာနိုင်တာမလို့ ထုံးတဲ့အခါ အရမ်းတင်းကြပ်နေအောင် မထုံးဖို့ပါ။

အနောက်မှာ ဆံပင်တွေအကုန်စုပြီး Ponytail အနိမ့်လေးကို လျော့လျော့ရဲရဲ့လေး စည်းကြည့်ပါ။ ဒီပုံစံက မတူညီတဲ့ ဝတ်စုံတွေနဲ့ ဘယ်အချိန်မှာဘဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ စည်းတဲ့အခါ ဆံပင်အကုန်လုံးကို အပြောင်မသိမ်းဘဲ ဘေးနားမှာ ဆံပင်လေးတွေချတာက ကပိုကရိုလေးနဲ့လှနေမှာပါ။

အမြဲတမ်း စတိုင်ကျချင်ရင်တော့ အချိန်မကုန်ဘဲ စတိုင်ကျနေတဲ့ Pixie Cut ကို ရွေးလိုက်ပါ။ ဘေးနှစ်ဘက်က အရမ်းကြီးတိုဖို့မလိုပေမယ့် ငယ်တဲ့ပုံစံလိုချင်ရင်တော့ အပေါ်ကို နည်းနည်းရှည်အောင်ထားလို်က်ပါ။ ဒီပုံစံက ထိန်းသိမ်းဖို့ အချိန်မကုန်ပေမယ့် အနည်းဆုံး နားရွက်တစ်ဝိုက်နဲ့ လည်ကုပ်ကို ပုံကျနေဖို့ ဆိုင်မှာမကြာမကြာသွားညှပ်ပေးဖို့တော့ လိုပါတယ်။