ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာ မိန်းကလေးအများစုနဲ့လည်းလိုက်ဖက်ပြီး ဆန်းသစ်တဲ့ ဆံပင်စတိုင်လ်လေးရစေဖို့ Twice အဖွဲ့ဝင် ဂျပန်မလေး Sana ပြုလုပ်လေ့ရှိတဲ့ Hairstyle အိုင်ဒီယာလေးတွေကိုပြောပြပေးချင်ပါတယ်။

Sana ရဲ့ နာမည်အပြည့်အစုံကတော့ Sana Minatozaki ဖြစ်ပြီး အသက် (၂၅) နှစ်ရှိပါပြီ။ သူမဟာ မျက်နှာသွယ်ပြီး ပါးမို့မို့လေးတွေနဲ့ မျက်လုံးခပ်ဝိုင်းဝိုင်းလေးတွေကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ ချစ်စရာကောင်းအောင် အမြဲပြုံးနေတတ်သူတစ်ယောက်ဖြစ်ပြီး ဆံပင်ပုံစံအမျိုးမျိုးပြောင်းတတ်တဲ့အပြင် Hairstyle တော်တော်များများနဲ့လည်း လိုက်ဖက်တဲ့သူဖြစ်ပါတယ်။ ဒီတော့ ပျိုမေတို့ ကိုယ်တိုင် လိုက်လုပ်နိုင်မယ့် Sana ရဲ့ ဆံပင်စတိုင်လ်လေးတွေကို ကြည့်လိုက်ရအောင်-

ဘေးနှစ်ဖက် ဆံထုံးအသေးလေးတွေက ချစ်စရာကောင်းပြီး ကလေးဆန်တဲ့ပုံစံလေးကိုရစေပါတယ်။


Sana လုပ်လေ့ရှိတဲ့ ဖဲကြိုးနှစ်ဖက် တစ်ဝက်စည်းပုံစံလေးကလည်း ချစ်စရာအရမ်းကောင်းပါတယ်။ သူမလို မျက်လုံးဝိုင်းလေးတွေရှိတဲ့သူတွေနဲ့လိုက်ဖက်ပြီး ငယ်ပုံပေါက်စေပါတယ်။


Sana လို ကျစ်ဆံမြီးခပ်ဆန်းဆန်းလေးတွေကျစ်တာ၊ ဒါမှမဟုတ် ဆံပင်အကျစ်ပေါ်မှာ ကလစ်ထိုးတာတွေက သင့်ဆံပင်ကို အမြင်ဆန်းစေပါလိမ့်မယ်။


ဆံပင်အဖြောင့်ကိုမှ အတို၊ အရှည်ပုံစံလေးတွေဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ လှနေစေမယ့် Hairstyle လေးတွေပါပဲ။


တစ်ဝက်စည်း ဆံပင်စတိုင်လ်လေးတွေကလည်း တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ အလှကိုရရှိစေမှာပါ။

Sana လိုမျက်နှာရှင်းရှင်းလေးနဲ့လှနေစေဖို့ Ponytail လို ဆံပင်အမြင့်စည်းလေးတွေလည်း လုပ်ကြည့်နိုင်ပါတယ်။


Sana ရဲ့ဆံပင်နှစ်ဖက်စည်းပုံစံလေးတွေကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်မိန်းကလေးတွေနဲ့လည်းလိုက်ဖက်စေမှာပါ။


ဆံပင်အထပ်ကေလေးတွေကလည်း တစ်မျိုးဆန်းစေပြီး မျက်နှာဝိုင်းသူတွေနဲ့ လိုက်ဖက်မယ့်ပုံစံလေး ဖြစ်ပါတယ်။


Curtain Bang နဲ့ ရှေ့ဆံမြိတ်လေးတွေချထားပြီး ဆံပင်အဖျားပိုင်းကို လှိုင်းတွန့်ပြေပြေလေးတွေလုပ်ထားတာမျိုးကလည်း ကျက်သရေရှိပြီး အမြဲလှနေစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar