Blackpink ထဲက ဆံပင်အဝါရောင် ပိန်ပိန်သွယ်သွယ်နဲ့ အပြုံးချိုချို အသံချိုချို ကောင်မလေးဆိုရင် Rosé ကို ပြေးမြင်ကြမှာပါ။ Rosé က လက်ရှိမှာ “On the Ground” “Gone” စတဲ့ တစ်ကိုယ်တော် နာမည်ကျော်သီချင်းတွေကို သီဆိုပြီး ဖြစ်ပါတယ်။ ပြီးပြည့်စုံမှုဆိုရင် Blackpink အဖွဲ့လို့ ဆိုရလောက်အောင် အဖွဲ့ဝင်တစ်ဦးစီတိုင်းက အရည်အချင်း၊ အဆင်းကိုယ်စီနဲ့ ထူးချွန်ကြပါတယ်။ Rosé က ဆံပင်အဝါရောင်ကို စည်းလိုက်၊ ကျစ်ဆံမြီးကျစ်လိုက်နဲ့ အမျိုးမျိုး ပြုလုပ်တတ်ပါတယ်။ ဘယ်ဆံပင်ပုံစံဖြစ်ဖြစ် သူမနဲ့ လိုက်ဖက်နေဆဲပါပဲ။

ဒီတစ်ခေါက်မှာတော့ သင်ကိုယ်တိုင် လိုက်စည်းနိုင်မယ့် Rosé ရဲ့ ဆံပင်စည်းပုံတွေကို ဖော်ပြလိုက်ပါတယ်။

ဆံပင်စည်းပုံ ၁
ဘေးဘက် ကျစ်ဆံမြီး အသေးနှစ်ခု စည်းပေးရပါမယ်။ တစ်ဘက်စည်းပြီးနောက် သားရေကွင်းနဲ့ အပိတ်စည်းပေးရပါမယ်။ ဒီပုံစံက သင့်ကို ဆံပင်ဒီအတိုင်းချထားတာထက် ပိုထူးခြားသွားစေပါလိမ့်မယ်။

ဆံပင်စည်းပုံ ၂

ဆံပင်ဘေး တစ်ဝက်လောက်ကို နားရွက်နောက်မှာ ထားကာ ကျစ်ဆံမြီးအကြီး စည်းပေးရပါမယ်။ ပိုထူးခြားစေချင်ရင်တော့ သင်က ဆံပင်စည်းပုံ ၁ ထဲကလို ကျစ်ဆံမြီးအသေးလေး စည်းထားပြီး ဒီအသေးကို ကျစ်ဆံမြီးအကြီးထဲ ထည့်စည်းနိုင်ပါတယ်။

ဆံပင်စည်းပုံ ၃

ဒီပုံစံကတော့ အလွယ်ဆုံးထဲ ပါဝင်ပါတယ်။ ဆံပင်နောက်ဘက် ခွဲကာ Scrunchies နဲ့ စည်းပေးရပါမယ်။

ဆံပင်စည်းပုံ ၄

ဘေးတစ်ဘက်တည်း ဆံပင်ကို အရင် စုစည်းပြီးနောက် ကျစ်ဆံမြီးအကြီး ကျစ်ပေးရပါမယ်။ ကျစ်ပြီးနောက် ကျစ်ဆံမြီးကို ပိုကြီးသွားအောင် ဆံပင်ကို နည်းနည်း ဖြည်ပေးရပါမယ်။ ဒီပုံစံလေးက သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် လှနေစေမှာပါ။

ဆံပင်စည်းပုံ ၅

ဆံပင်အမြင့်စည်းပြီးနောက် ကိုယ့်ရဲ့ ဆံပင်နဲ့ပဲ ခေါင်းစည်းကြိုး အနေနဲ့ ပတ်ပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar