သင်က သင်တန်းတက်နေရတယ် ဒါမှမဟုတ် အပြင် သွားနေရတဲ့ လူငယ်မိန်းကလေး တစ်ယောက်ဆိုရင် ပူအိုက်တဲ့ နေ့တွေမှာ ဆံပင်ချဖို့ ဆိုတာက Second Option ဖြစ်နေတတ်ပါတယ်။ ကိုယ့်ဆံပင် ရှည်ရင် ရှည်သလို ပေါ့ပေါ့ပါးပါး မရှိတာနဲ့ ဆံပင်ကို ညှပ်ပစ်ချင်စိတ် ပေါက်လာတဲ့ နေ့တွေ သင့်မှာ ရှိဖူးမှာပါ။ ဒီတစ်ခေါက်မှာတော့ လူငယ်မိန်းကလေးတွေနဲ့ လိုက်ဖက်ပြီး စည်းနိုင်မယ့် ဆံပင်စည်းပုံတွေကို ဖော်ပြပါရစေ။

တစ်ဘက်တည်းမှာ ကျစ်ဆံမြီးကျစ်တာ

တစ်ဘက်တည်းမှာ ကျစ်ဆံမြီးကျစ်တာက ဆံပင်အရောင် မဆိုးထားတဲ့ ပျိုမေတွေနဲ့ပါ လိုက်ဖက်တဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။

Messy Bun

သင်က ဆံပင် Hair Bang ညှပ်ထားရင် ပိုတောင် ချစ်ဖို့ကောင်းဦးမှာပါ။ ဆံပင်ကို ကပိုကယိုလေး အမြင့် ထုံးနိုင်ပါတယ်။

ရှေ့ဆံပင်ချပြီး ဆံပင်စည်းမယ်

ဆံပင်ကို နောက်ဘက်မှာ စည်းကာ ရှေ့မှာ ချထားတာက ရှင်းရှင်းလေးနဲ့ ကြည့်လို့ကောင်းပါတယ်။

နှစ်ဘက် ကျစ်ဆံမြီးကျစ်မယ်

ဆံပင်ကို တစ်ဝက် ခွဲလိုက်ကာ ကျစ်ဆံမြီးကျစ်လိုက်တာက ချစ်ဖို့ကောင်းပြီး စည်းတဲ့ကြိုးကို အရောင်လေးတွေ တွဲနိုင်ပါတယ်။

ဆံပင်ကို ခေါက်စည်းတာ

ဆံပင်ကို နှစ်ဘက်စည်းပြီးနောက် အကွေးလေး ဖြစ်အောင် ခေါက်စည်းလိုက်တာက အိုင်ဒီယာကောင်းပါပဲ။

Claw Clip နဲ့ စည်းမယ်

ပူအိုက်တဲ့ ရက်တွေမှာ ဆံပင်ကို ဆံထုံးထုံးကာ Claw Clip နဲ့ စည်းနိုင်ပါတယ်။

ကျစ်ဆံမြီး ထည့်ကျစ်တာ

သင်က ဆံပင်ထူတဲ့ သူဆိုရင် ဆံပင်စည်းတဲ့အပြင် ကျစ်ဆံမြီးပါ ထည့်ကျစ်နိုင်ပါတယ်။

ဆံပင် ဘေးနှစ်ဘက် ထုံးလိုက်တာ

ဆံပင်ကို အမြင့်နှစ်ဘက် စည်းပြီးမှ အမြင့်ထုံးလိုက်တာက ရှင်းရှင်းလေးနဲ့ လှပါတယ်။

ခေါင်းစည်းကြိုး အသေးလေးတွေနဲ့ အဖောင်းလေးတွေ လိုက်ဖော်တာက လုပ်ရတာ လွယ်တဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။

ခေါင်းစည်းကြိုး အရောင်ပါတာကို ရွေးပြီး ကိုယ့်ဦးထုပ် ဒါမှမဟုတ် အင်္ကျီနဲ့ အရောင်တူတာလေး ရွေးစည်းတာက ကြည့်ကောင်းပါတယ်။

ကပိုကယို ကျစ်ဆံမြီးလေး

တစ်ဘက် ကျစ်ဆံမြီးကိုမှ ဖောင်းဖောင်းလေး ရအောင် ကပိုကယိုလေး စည်းကြည့်နိုင်ပါတယ်။ ဒီစတိုင်က ဆံပင်ဆိုးထားရင် ပိုလှပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar