Hair Bangs ညှပ်မယ့်ကောင်မလေးတွေအတွက် Hair Bangs Hairstyle အမျိုးမျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ညှပ်ချင်တယ်၊ ပုံစံပြောင်းချင်တယ်၊ နဖူးပြောင်လို့ Hair Bangs ညှပ်ချင်တယ်ဆိုရင် ဒီ Hairstyle လေးတွေကို Try ကြည့်နော်။

လိမ္မော်ရောင်လေးဆိုးပြီး Hair Bangs ကို ဒီလိုလေးညှပ်လိုက်ရင် Sexy & Cute Look လေးဖြစ်နေမှာ သေချာပါတယ်။

Suzy ရဲ့ ဒီ Hair Bangs Hairstyle လေးကလည်း အရမ်းခေတ်စားသွားတာမို့ ပုံစံပြောင်းကြည့်ချင်တယ်ဆိုရင် ဒီ Hairstyle လေးကို ညှပ်ကြည့်နော်။

မျက်နှာပြည့်ပြည့်၊ မျက်နှာဝိုင်းဝိုင်းလေးတွေဆိုရင် ဒီ Hairstyle လေးနဲ့ အရမ်းလိုက်ပါတယ်။ ဆံပင်အတိုကို အရမ်းတိုတာမျိုးလည်း မညှပ်ချင်ဘူးဆိုရင် ဒီလိုလေးညှပ်ကြည့်ပါ။

ဆံပင်တိုတိုလေးနဲ့ ကိုရီးယားစတိုင်လ်လေးညှပ်ချင်တယ်ဆိုရင် ဒီ Hair Bangs Hairstyle လေးကို ညှပ်ကြည့်ပါ။ ရုပ်နုပြီး ချစ်ဖို့ကောင်းသွားစေပါတယ်။

Hair Bangs ညှပ်ပြီး ရိုးရိုးလေးပဲ ညှပ်ချင်တယ်ဆိုရင်တော့ ဒီလိုဂုတ်ဝဲကေလေးပဲ ညှပ်ပြီးတော့ အရောင်ဆိုးလိုက်ပါ။ မျက်နှာလေးလင်းပြီး ချစ်ဖို့ကောင်းသွားပါလိမ့်မယ်။

နဖူးပြောင်တဲ့ကောင်မလေးတွေဆိုရင် Hair Bangs ညှပ်တဲ့အခါ ဒီလို Hairstyle လေးကို ညှပ်ကြည့်ပါ။ မျက်နှာလေးအုပ်သွားပြီးတော့ ချစ်ဖို့ကောင်းပါတယ်။

Hair Bangs ညှပ်ပြီး ဒီလို Highlight ဖောက်တာမျိုးကလည်း အထာကျပြီး ချစ်ဖို့ကောင်းသလို လူငယ်ဆန်တာကြောင့် လူငယ်ကောင်မလေးတွေဆို သဘောကျမှာပါ။

ဆံပင်မညှပ်ချင်ဘူး အရှည်ထားပြီးပဲ ပုံပြောင်းချင်တယ်ဆိုရင် ဒီ Hair Bangs Hairstyle လေးကို ရွေးချယ်ပါ။

ဆံပင်ကို Hair Bangs ညှပ်မယ်ဆိုရင် ဒီလို အထပ်လေးတွေညှပ်တာလည်း ချစ်ဖို့ကောင်းပြီး အရမ်းလှပါတယ်။

C Perm လိုမျိုးပုံစံလေးလုပ်ပြီး Hair Bangs ညှပ်တာမျိုးကလည်း ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

နဖူးပြောင်တဲ့ကောင်မလေးတွေဆိုရင် ဆံပင်ကောက်တဲ့အခါ ဒီလို Hair Bangs လေးညှပ်ပြီး ပုံစံပြောင်းကြည့်နော်။

Photo source:www.pinterest.com