ဆံပင်အဖြောင့်တစ်တန်းတည်းက အချိန်ကြာလာတဲ့အခါ သင့်အတွက် ရိုးလာတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ပုံစံပြောင်းချင်သူတွေအတွက် ဆံပင်စပြောင်းတာကလည်း ပြောင်းလဲခြင်း ခြေလှမ်းအစပါပဲ။ ဆံပင်အဖြောင့်ကိုမှ အတိပုံစံက သင့်ကို ပိုပြီး ရိုးရိုးကြီး ဖြစ်စေတတ်ပါတယ်။ ဒီတော့ အမိုး Change ချင်သူတွေ နမူနာယူနိုင်မယ့် ပုံစံတွေကို ကြည့်လိုက်ရအောင်နော်-

ဆံပင် မပြောင်းခင် ပထမဆုံး အရေးကြီးတာက ကိုယ်ယုံကြည်ရတဲ့ Hair Stylist တစ်ယောက်နဲ့ တွေ့ဖို့ပါ။ သင့်ဆံပင်က သင့်မျက်နှာပေါ် အများကြီး သက်ရောက်မှု ရှိတာမို့ ဆံပင်မပြောင်းခင် နီးစပ်ရာ အသိမိတ်ဆွေတွေကနေဆံပင်ညှပ်ဆရာကောင်းကို ရှာဖွေမေးမြန်းသင့်ပါတယ်။

Hairstylists တွေ Social Media ပေါ်တင်ထားတဲ့ ဆံပင်ပုံစံတွေကို လိုက်စပ်စုသင့်ပါတယ်။

Stylist ကို အဆင်ပြေတာလေး ပြောင်းပေးပါ လို့ ပြောမယ့် အစား ကိုယ်ပြောင်းချင်တဲ့ ဓာတ်ပုံနမူနာကို ယူသွားတာက သူတို့အတွက်လည်း ပိုနားလည်သဘောပေါက်စေပါတယ်။

သူတို့ရဲ့ အကြံပြုချက်တွေကိုလည်း နားထောင်ဖို့ လိုပါတယ်။

Social Media ပေါ်က ကိုယ့်မျက်နှာကျပုံစံနဲ့ဆင်တဲ့ Model တွေရဲ့ ပုံတွေ လိုက်ကြည့်ပြီး ရွေးချယ်နိုင်ပါတယ်။

ဒီပုံစံတွေထဲက သင်အကြိုက်တွေ့တဲ့ ပုံစံ က ဘာဖြစ်မလဲ ပြောပြခဲ့ပါဦး​။

Photo Source: Pinterest

By MyStyle Myanmar