လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ နေတတ်သူတွေကို သင်မြင်ဖူးမှာပါ။ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ပုံနေစေကာမူ ဘဝကို ပျော်ပျော် ဖြတ်သန်းတတ်ကြသူတွေ ဖြစ်ပါတယ်။ တက်တက်ကြွကြွ နေတတ်သူတွေမှာ တွေ့ရတတ်တဲ့ အပြုအမူကတော့ အတွေးမများတတ်တာကို တွေ့ရပါတယ်။ စိတ်ညစ်စရာကို သိပ်မတွေးတတ်ဘဲ ဘဝကို အကောင်းမြင်စိတ် အပြည့်နဲ့ ဖြတ်သန်းတတ်ကြပါတယ်။ သင်က ဒီလိုမိန်းကလေး တစ်ယောက်ဆိုရင် အင်မတန်မှ ထက်မြက်တဲ့ မိန်းကလေး တစ်ယောက်ပါပဲ။ ဒီတစ်ခေါက်မှာတော့ သင့်ရဲ့ လန်းဆန်းတက်ကြွတဲ့ ပုံစံကို ပိုပီပြင်စေမယ့် ဆံပင်စတိုင်တွေကို ဖော်ပြပါရစေ။

ငယ်ရွယ်တဲ့ပုံစံကို အပြည့်အဝပေးတဲ့ Bang နဲ့ ကျစ်ဆံမြီး ဘီးကုတ်လုပ်ထားတဲ့ ပုံစံ

အရောင်တောက်ပတဲ့ ဘီးကုတ်၊ ကလစ်၊ နားကပ်စတဲ့ Accessories တွေနဲ့

ဆံပင်တစ်ဝက်ကို အမြင့်စည်းပြီး ခုန်ပေါက်သွားလာတတ်တဲ့ မိန်းကလေး တစ်ဦးအသွင်

ကျစ်ဆံမြီးကိုမှ အရောင်တောက်တဲ့ ကလစ်နဲ့ တွဲဖက်လိုက်တဲ့အခါ သင့်အလှကို ပိုလင်းလက်စေပြီး သင့်လှုပ်ရှားမှုကို ပိုပီပြင်စေပါတယ်။

ပေါ့ပါးတဲ့ ဆံပင်ပုံစံရဖို့ ကျစ်ဆံမြီး လိုက်ကျစ်တာက ကူညီပေးပါလိမ့်မယ်။

နှစ်ဘက်ကို ဆံထုံးထုံးကာ အရောင်ပါတဲ့ ကြိုးနဲ့ ချည်လိုက်တဲ့အခါ ချစ်စရာကောင်းတဲ့ ကလေးလေး အသွင် ပိုင်ဆိုင်စေပါတယ်။

သွက်လက်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို အောက်ဖော်ပြပါ ဆံပင်စတိုင်က ကူညီပေးနေပါတယ်။

နောက်ဆံထုံးကိုမှ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ခေါင်းစည်းကြိုး ကို သုံးလိုက်တဲ့အခါ သင့်စတိုင်ကို ပေါ့ပါးပြီး လန်းဆန်းစေပါလိမ့်မယ်။

ကျစ်ဆံမြီးကိုမှ ဘေးနှစ်ဖက် ထောင်စည်းလိုက်တာက သင့်ကို ချစ်စရာကောင်းစေပြီး သွက်လက်တဲ့ မိန်းကလေးအသွင် ရစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar