ပါးဖောင်းဖောင်းလေးတွေကို ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေပဲ ပိုင်ဆ်ိုင်တာပါ။ တချို့တွေက ပိန်ပြီးတော့ ပါးလေးပဲ ကွက်ဖောင်းနေတတ်ပါတယ်။ တချို့ မိန်းကလေးတွေက ပါးဖောင်းတာကို သိပ်မကြိုက်ချင်ကြပါဘူး။ ဒါပမေဲ့ ဒီပါးဖောင်းဖောင်းလေးကိုပဲ ချစ်နေတဲ့ ကောင်လေးတွေ အများကြီးပါ။ ဒီတစ်ခေါက်မှာတော့ ပါးဖောင်းဖောင်းလေးကို ပိုင်ဆိုင်တဲ့ ကောင်မလေးတွေနဲ့ လ်ိုက်ဖက်တဲ့ ဆံပင်ပုံစံတွေကို ဖော်ပြပါရစေ။

ဆံပင်အတိုကိုမှ ကောက်ထားတာ

ဆံပင်တိုတိုလေးကိုမှ ပါးနားရောက်တဲ့အချိန် ကွေးကွေးလေးညှပ်ပြီး ဆံပင်အကောက်လေးက ပါးဖောင်းတာကို ပြေပြေလေး ဖြစ်သွားစေပါတယ်။

ဂုတ်အကျော် ဆံပင်

ဆံပင်ဂုတ်အကျော်ကိုမှ လှိုင်းတွန့်လေး သွားသင့်ပါတယ်။ ဒီဆံပင်စတိုင်က သင့်ကို ပိုချစ်ဖို့ကောင်းစေပါလိမ့်မယ်။

ရှေ့ Bang နဲ့ ဆံပင်အဖြောင့်

Bang က မျက်နှာကို ပိုသေးတယ် ထင်ရစေပါတယ်။ ဆံပင်အဖြောင့်က မျက်နှာဝိုင်းပြီး ပါးဖောင်းတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။

ဆံပင်အတိုကိုမှ အလွှာနဲ့ ပုံစံ

ဆံပင်အတိုကိုမှ အလွှာလိုက် မညီမညာသွားတဲ့ပုံစံလေးက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး လှနေစေပါလိမ့်မယ်။

လှိုင်းတွန့် ဆံပင်ရှည်

ဆံပင်အရှည်ကို လှိုင်းတွန့်လေး သွားတဲ့အခါ မျက်နှာ ပိုသွယ်သွားပါစေလိမ့်မယ်။

လိုင်းဖောက်တာ

ရှေ့အတွန့်ကိုမှ လိုင်းဖောက်လိုက်တဲ့အခါ ဒီအရောင်ဆီမှာပဲ အကြည့်ရောက်စေပြီး မျက်နှာသွယ်သွားစေတယ်လို့ လှည့်စားရာရောက်ပါတယ်။

Mermaid Wave ကိုမှ တစ်ဝက်စည်းတာ

Beach Wave လို့ခေါ်တဲ့ ဆံပင်အကောက်ကိုမှ တစ်ဝက်စည်းပေးလိုက်တဲ့အခါ ပါးဖောင်းဖောင်းလေးကို ဖုံးကွယ်သွားစေပါတယ်။

ဆံပင်အရှည် Step ကေ

ဆံပင်ရှည်ကိုမှ လှိုင်းတွန့် ဆံသားနဲ့အတူ ပါးဘေးမှာ အရှည်မတူဘဲ ကွေးကွေးလေးထားတဲ့အခါ ထူးထူးခြားခြားလေးနဲ့ လိုက်ဖက်နေပါလိမ့်မယ်။

ဆံပင်အဖွာ အကောက်ပုံစံ

ဆံပင်ကို ပိုထူတယ်ထင်ရအောင် ဖွထားကာ ကောက်တဲ့ပုံစံကလည်း ပါးဖောင်းဖောင်းလေးတွေနဲ့ လိုက်ဖက်ပါတယ်။

Curtain Bangs

ပျိုမေတို့ကြား ရေပန်းစားတဲ့ Curtain Bang Hairstyle ကလည်း ပါးဖောင်းတဲ့ ပျိုမေတို့နဲ့ အဆင်ပြေနေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar