ပျိုမေတို့ အများစုရဲ့ အိပ်မက်က ပြစ်မျိုးမှဲ့မထင် အသားအရေ၊ သွယ်လျတဲ့ မျက်နှာကျနဲ့ ခန္ဓာကိုယ် စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြုပြင်လို့ မရတဲ့ မေးရိုးကားတာ၊ ကြီးတာတွေ ပိုင်ဆ်ိုင်ထားတဲ့အခါ မျက်နှာသွယ်သွယ်လေး ပိုင်ဆိုင်ဖို့က စိန်ခေါ်မှု တစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒီစိန်ခေါ်မှုအတွက် အဖြေတစ်ခုကတော့ ဆံပင်စတိုင်ပါ။ ကိုယ့်မျက်နှာပုံစံအလိုက် ဒါကို ပံ့ပိုးပေးတဲ့ ဆံပင်စတ်ိုင် ပိုင်ဆိုင်ထားခြင်းက မျက်နှာသွယ်လျပြီး ပိုလှတယ် ထင်ရစေပါတယ်။

ဆံမြိတ်ကနေ စပြီး ဆံပင်ရှည်အထိ ဆံပင်စတိုင် အကုန်လုံးကို မေးရိုးကြီးသူတိုင်း ထားနိုင်ပါတယ်။ ဒီတော့ မေးရိုးနေရာ ကြီးပြီး မျက်နှာပြည့်တဲ့ သူတွေအတွက် လိုက်ဖက်တဲ့ ဆံပင်စတိုင်တွေကို ကြည့်လိုက်ရအောင်-

၁။ ဆံပင်ရှည် အဖြောင့်

ဆံပင်ရှည် အဖြောင့်ကို မေးရိုးဘေးမှာ ထားကာ ချထားတာက အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး ဆံပင်စတိုင်ပါပဲ။

၂။ ပေါ့ပေါ့ပါးပါးနဲ့ ယောက်ျားဆန်ဆန် ဆံပင်စတိုင်ကို ညှပ်မယ့် သူတွေအတွက် ဆံပင်အတို

၃။ ဆံထုံးနဲ့ ဆံမြိတ်

ဆံမြိတ်ချလိုက်တာက နဖူးပို ကျဉ်းသွားစေပြီး မျက်နှာသေးတယ်လို့ ထင်ရစေပါတယ်။ ဒါ့အပြင် ဆံထုံးက မျက်နှာကို ပိုရှည်သွားစေပါတယ်။

၄။ ဆံပင်တို အကွေး

မျက်နှာနဲ့ အရှည်တူတဲ့ ဆံပင်တိုနဲ့ အတူ ဆံပင်အကွေးလေးက သင့်မေးရိုးကို ဖုံးပေးပါလိမ့်မယ်။

၅။ အလွှာတွေနဲ့ ဆံပင်စတိုင်

အခုနောက်ပိုင်း ပျိုမေတို့ကြား ရေပန်းစားနေတဲ့ အလွှာ ဆံပင်စတိုက်ကလည်း မေးရိုးကားသူတွေနဲ့ လိုက်ဖက်ပါတယ်။

၆။ ဂုတ်ထောက် ဆံပင်အကောက်

၇။ ဘေးတစ်ဘက်ခွဲ ဆံပင်စတိုင်

၈။ အကောက် ပြေပြေလေးသွားတဲ့ ဆံပင်ရှည်

၉။ ဆံကြောင်းခွဲပေးတာကလည်း မေးရိုးကားတာကို မမြင်ရစေဘဲ လှည့်စားရာရောက်ပါတယ်။

၁၀။ ဆံပင်ကို အမြင့်စည်းတာနဲ့ အတူ နားကပ်ကို ခပ်ကြီးကြီးလေး ဝတ်လိုက်တာက သင့်မေးရိုးကြီးတာကို မသိသာစေတော့ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar