ရုံးသွားချိန် အလုပ်သွားချိန်မမီမှာစိုးလို့ ဆံပင်ပုံစံ အလန်းလေးဖြစ်အောင်လုပ်ဖို့ အချိန်မရှိဘူးဖြစ်နေလား။ ဆံပင်ပုံစံ အလန်းလေးဖြစ်ဖို့အတွက် ၃ မိနစ်ပဲ အချိန်ယူပြုလုပ်ပေးလိုက်ပါနော်။

၁။ ဆံထုံးထုံးမယ်။

ဆံပင်ကို နှစ်ဖက်ခွဲလိုက်ပြီး တစ်ဖက်စီကို ကိုင်ထားပါ။ ပြီးရင် တစ်ခုနဲ့တစ်ခု ကြက်ခြေခတ်ပြီး ချည်လိုက်ပါ။ ပြီးရင် နောက်တစ်ထပ်ထပ်ချည်ပါ။ ကိုယ့်ဆံပင်ရှည်ရင် ရှည်သလို ထပ်ပြီးချည်ပေးပါ။ ပြီးရင် ကလစ်လေးထိုးပေးလိုက်ပါ။ ကလစ်လှလှလေး ပန်ပေးလိုက်ပါ။

၂။ ဆံပင်ကောက်မယ်။

ဆံပင်ကောက်တာ အချိန်တွေအများကြီးပေးစရာမလိုပါဘူးနော်။ ခေါင်းကို ဇောက်ထိုးမှောက်ချပြီး ဆံပင်ကိုစုစည်းလိုက်ပါ။ ပြီးရင်ဆံပင်ကို နှစ်ဖက်ခွဲလိုက်ပြီး တစ်ဖက်ချင်းစီကို ဆံပင်လိပ်စက်နဲ့ လိပ်ပေးလိုက်ပါ။ ပြီးရင် ဆံပင်ကိုဖြည်ချပြီး စပရေးဘူးဖြန်းပေးလိုက်ပါ။

၃။ သရေဘီးကုတ်လေးသုံးပြီး ဆံထုံးထုံးမယ်

ခေါင်းတစ်ခုလုံးကို စွပ်လို့ရတဲ့ သရေဘီးကုတ်တစ်ခုကို အခုပုံမှာပြထားသလို စွပ်ပေးလိုက်ပါ။ ပြီးရင် အဲဒီဘီးကုတ်ထဲမှာ ဆံပင်လေးတွေကို ထိုးထည့်ပေးလိုက်ပါနော်။