မင်္ဂလာပါ။ ရှေ့ဆံမြိတ်ချတဲ့ကေကိုတော့ အခုခေတ်မိန်းကလေးအားလုံးနီးပါး ထားဖူးကြမယ်ထင်ပါတယ်နော်။ ဒီ ဆံပင်ကေက နဖူးကိုအုပ်ထားတာမို့ နဖူးပြောင်တဲ့သူတွေနဲ့လည်း လိုက်ဖက်သလို မျက်နှာပိုသေးသလို မြင်ရချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီလိုကေမျိုးပဲ အမြဲထားတာကြာရင်လည်း ရိုးလာတတ်တာမို့ အပြောင်းအလဲဖြစ်အောင် Hairstyle တစ်မျိုးပြီးတစ်မျိုး ပြောင်းချင်သူတွေ Idea ယူနိုင်မယ့်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ လွယ်လွယ်ကူကူ ပြောင်းနိုင်မယ့် နည်းတွေဖြစ်လို့ ဆံပင်စတိုင်ပုံတုံးနေပြီလို့ခံစားရရင် Try ကြည့်ပါနော်။

၁။ ချစ်စရာကောင်းတဲ့ Hair Accessories တွေဝတ်ကြည့်ပါ


အလွယ်ဆုံး Hairstyle ပြောင်းနည်းလေးပါနော်။ Hair Accessories တစ်မျိုးလောက်ဝတ်လိုက်တာက ဆံပင်ကိုအပင်ပန်းခံပြီး ပုံသွင်းစရာလည်းမလိုသလို ဒီတိုင်းချထားတာထက်စာရင် မျက်နှာလေးကို ပိုနုပြီး ချစ်စရာကောင်းစေမှာပါ။ အရောင်စုံတဲ့ ဘီးကုတ်လေးတွေ၊ ညှပ်ကလစ်တွေ၊ ဖဲကြိုးနဲ့ ဆံထိုးလေးတွေ သုံးပြီးပြင်ကြည့်လိုက်ပါ။

၂။ ဆံကြောင်းပြောင်းခွဲကြည့်ပါ


ရှေ့ဆံမြိတ်အမြဲချနေကျသူတွေက ဆံပင်ကို ဆံကြောင်းတစ်ဖက်ပြောင်းပြီးခွဲလိုက်ရုံနဲ့လည်း မတူတဲ့ Look အသစ်လေးရနိုင်ပါတယ်နော်။ ဆံပင်တစ်ဖက်တည်းကို များများခွဲလိုက်တာမျိုး၊ အလယ်ခွဲတာမျိုးလုပ်ကြည့်ပါ။

၃။ ကျစ်ဆံမြီးလေး ကျစ်လိုက်ပါ


ကျစ်ဆံမြီးကျစ်တာက ဘယ်တော့မှမရိုးတဲ့ Hairstyle တစ်မျိုးပါပဲ။ ဒါကြောင့်မို့ ရိုးရိုးရှင်းရှင်း ကျစ်ဆံမြီးလေးတွေ ကျစ်ပြီးတော့လည်း Hairstyle ကိုမထပ်အောင် ပြောင်းလဲနိုင်ပါတယ်။

၄။ ဆံပင်အရောင်ဆိုးကြည့်ပါ


ကိုယ့်ရဲ့ရှိရင်းစွဲဆံပင်အရောင်ထက်လင်းပြီး ထင်းထင်းလေးဖြစ်သွားအောင် အရောင်ဆိုးလိုက်တာကလည်း မဆိုးပါဘူးနော်။ ဆေးချွတ်ပြီးမဆိုးရတဲ့အရောင်လေးတွေကနေ အရင်စမ်းဆိုးကြည့်ပါ။

၅။ Heatless Curls နည်းနဲ့ ဆံပင်ကောက်ကြည့်ပါ


အပူမလိုတဲ့ Heatless Curls နည်းတွေနဲ့ ကိုယ်တိုင် DIY လုပ်ကောက်တာကလည်း Hairstyle လေး ပြောင်းသွားစေသလို အပူနဲ့ထိဖို့မလိုတာမို့ ဆံသားအပျက်အစီးလည်းနည်းစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar