မိုးရွာတဲ့နေ့တွေမှာဆိုရင် ဆံပင်ရေစိုတာသက်သာအောင်၊ လေတိုက်လို့၊ မိုးရေစိုလို့ ဆံပင်ရှုပ်ပွပြီး ငြိတာမျိုးတွေဖြစ်တာ သက်သာအောင် ဆံပင်ကိုသေချာလေး ပြင်ဆင်သင့်ပါတယ်။ ဒါကြောင့် မိုးရွာတဲ့နေ့တွေမှာ ပြင်ဆင်ဖို့အတွက် Hairstyle Idea တွေကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ကို အမျိုးမျိုးပြင်ဆင်ရတာ ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီ Hairstyle Idea တွေကို သဘောကျမှာပါ။

ဒီလိုဆံထုံးလေးတွေထုံးထားတဲ့ Hairstyle ကတော့ မိုးရွာတဲ့နေ့တွေမှာ အဆင်အပြေဆုံးပါပဲ။ ဆံပင်ရှုပ်ပွမှာ၊ မိုးရေစိုမှာတွေကိုလည်း စိတ်ပူစရာမလိုတော့ဘူးနော်။

ဆံပင်ကို ဒီလိုလေးပြင်ထားတာကျတော့ မကြိုက်တော့လို့ ပြန်ဖြည်ချမယ်ဆိုပြီး ဆံပင်သိမ်တာမျိုးမရှိပဲ အဆင်ပြေပါတယ်။ ဆံပင်ရှုပ်ပွတာလည်း သက်သာပြီး ဦးထုပ်လည်းဆောင်ထားတော့ မိုးရွာတဲ့နေ့တွေအတွက် အဆင်ပြေတာပေါ့။

ဆံပင်လည်းမစိုချင်ဘူး၊ သပ်သပ်ရပ်ရပ်လေးလည်း ဖြစ်ချင်တယ်ဆိုရင်တော့ ဒီလိုလေးသာ ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်လိုက်နော်။

ဆံထုံးမထုံးချင်တဲ့ ကောင်မလေးတွေဆိုရင် ဆံပင်ကို ဒီလိုလေးတွေသာ ပြင်ဆင်ကြည့်ပါ။ လှလည်းလှသလို မိုးရွာတဲ့နေ့တွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

ဒီလိုကျစ်ဆံမြီးကို တစ်ဖက်ထဲစုကျစ်ထားတဲ့ Hairstyle လေးဆိုရင် လှလည်းလှသလို သပ်သပ်ရပ်ရပ်လည်း ဖြစ်ပါတယ်။ မိုးရေစိုမှာ ဆံပင်ရှုပ်ပွမှာလည်း မဖြစ်တော့ပါဘူး။

ဆံပင်ကို သေချာလေးပြင်ဆင်ချင်တဲ့ လူငယ်ကောင်မလေးတွေကတော့ ဒီ Hairstyle လေးအတိုင်း ပြင်ကြည့်ပါ။ ချစ်ဖို့လည်းကောင်းပါတယ်။

ဆံပင်ကိုဖားလျားချရတာပဲ ကြိုက်တယ်ဆိုရင်တော့ မိုးရွာတဲ့နေ့တွေမှာ ဦးထုပ်ဆောင်းပေးပါ။ ဆံပင်ရေစိုတာ သက်သာစေသလို အရမ်းလည်း မရှုပ်ပွစေပါဘူး။

ဒီ Hairstyle လေးဆိုရင် ရိုးရိုးလေးနဲ့ချစ်ဖို့ကောင်းတဲ့ ပုံစံလေးဖြစ်လို့ မိန်းကလေးတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ မိုးရွာတဲ့နေ့တွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

ခေါင်းကို မိုးရေလုံးဝမထိချင်ဘူးဆိုရင်တော့ ဦးထုပ်လေးဆောင်းလိုက်နော်။

ဆံပင်ကို ရိုးရိုးရှင်းရှင်းပဲ ပြင်ဆင်ချင်တယ်ဆိုရင်တော့ ဆံပင်စုစည်းပြီး ဦးထုပ်ဆောင်းတဲ့ Hairstyle လေးကို ပြင်ကြည့်ပါ။ မိုးရွာတဲ့နေ့တွေအတွက်လည်း တော်တော်အဆင်ပြေပါတယ်။