မင်္ဂလာပါ ပျိုမေတို့ရေ။ အရမ်းပူတဲ့နေ့တွေမှာ ဆံပင်ချထားမိတဲ့အခါ ချွေးပိုထွက်ပြီး ခေါင်းမကြည်ဖြစ်တာမျိုးကို တော်တော်များများကြုံဖူးကြမှာပါနော်။ ချွေးစိုနေတဲ့ဆံပင်က ဘက်တီးရီးယားနဲ့ ဖုန်တွေလည်းကပ်လွယ်တာမို့ မျက်နှာနဲ့ထိမိတဲ့အခါ အညစ်အကြေးတွေ ချွေးပေါက်ထဲဝင်ပြီး ဝက်ခြံတွေပါ ထွက်တတ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုရာသီရောက်တာနဲ့ ဆံပင်ကိုရှင်းနေအောင်လှန်တင်ထားဖို့ အရမ်းအရေးကြီးပါတယ်နော်။


ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် ပူပြင်းတဲ့နေ့တွေမှာ ဆံပင်စတိုင်လည်းမပျက်သလို ခေါင်းလည်းရှင်းစေမယ့် Hairstyle ပုံစံလေးတွေကို မျှဝေပေးလိုက်ရပါတယ်။ လုပ်ရလွယ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ခေတ်မှီတဲ့စတိုင်လေးတွေဖြစ်တာမို့ လူငယ်ကောင်မလေးတွေလည်း အကြိုက်တွေ့မှာပါ။

ချွေးမထွက်အောင် ဆံပင်ကိုလှန်တင်ပေးရတာမို့ ဒီနေရာမှာ Hair Accessories လေးတွေက မရှိမဖြစ်လိုအပ်ပါတယ်နော်။ ဒါကြောင့်မို့ ကိုယ့်အကြိုက် ခေါင်းစည်းကြိုးလှလှလေးတွေ ခေတ်စားနေတဲ့ Claw Clip ဒီဇိုင်းလှလှလေးတွေ ဆောင်ထားပေးပါ။


ပထမဆုံး ဒီလို Claw ကလစ်လေးသုံးပြီး ဆံပင်အားလုံးစုစည်းကာ အပေါ်ပင့်တင်တဲ့ပုံစံမျိုး စမ်းကြည့်ပါ။ လုပ်ရလွယ်သလို ရုင်းရုင်းလေးနဲ့ Claw ကလစ်လေးထင်းနေစေမယ့် Hairstyle ဖြစ်ပါတယ်။


ကိုယ့်ဆံပင် အထူ၊ အပါးအလိုက် အဆင်ပြေမယ့် Bun လေးတွေ ခေါင်းထိပ်မှာစုစည်းပြီး ထုံးထားလိုက်ပါ။ နောက်ကျောနဲ့ လည်ပင်းရှင်းပြီး နေရထိုင်ရလည်း ပေါ့ပါးစေပါလိမ့်မယ်။


ဒီ Hairstyle လေးက ဆံထုံးမထုံးတတ်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ နောက်ဆံပင်တွေကိုစုပြီး တစ်ဖက်လှည့်ကာ အောက်ကနေ ကလစ်ခပ်ကြီးကြီးနဲ့ ပင့်ထိန်းပေးလိုက်ရုံပါပဲ။


ကျစ်ဆံမြီးကျစ်တာက အလွယ်ဆုံးနဲ့ မလိုက်တဲ့သူမရှိတဲ့ Hairstyle မျိုးပါ။ ဆံကြောင်းတွေဆီ လေဝင်ဖို့ ပုံမှာပြထားသလို ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားတဲ့ Hairstyle လေးတွေလုပ်ကြည့်ပါ။


ကျစ်ဆံမြီးကိုမှ အောက်မချဘဲ သရဖူလေးလို ခေါင်းပေါ်တင်ပြီးပတ်ထားတဲ့ Hairstyle မျိုးကလည်း ပွဲသွားပွဲတက်အတွက်ပါ အဆင်ပြေမယ့်စတိုင်လေးဖြစ်ပါတယ်။


Ponytail အမြင့်စည်းကလည်း ပူတဲ့ရာသီနဲ့ကွက်တိပဲမို့ ခေါင်းစည်းကြိုးဖြစ်စေ၊ ကလစ်နဲ့ဖြစ်စေ ခပ်မြင့်မြင့်လေးပင့်ပြီး စည်းထားတာမျိုး လုပ်ကြည့်ပါ။


Space Bun လို့ခေါ်တဲ့ ဆံထုံးလေးတွေ ဘယ်တစ်ခု၊ ညာတစ်ခုထုံးပေးရတဲ့စတိုင်လေးကလည်း ကလေးဆန်သလို ချစ်စရာလည်းကောင်းပါတယ်။

Photo Source: Pinterest, preview.ph

By MyStyle Myanmar