အားလုံးပဲ မင်္ဂလာပါနော်။ သင်က ဆံပင်အရှည်ထားရတာကြိုက်ပေမယ့် ပုံစံရိုးနေလို့ Hairstyle ပြောင်းချင်နေတဲ့သူလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် Hairstyle လေးတွေကို Try ကြည့်နိုင်ပါတယ်နော်။

ဒီတစ်ခေါက်မှာ ဆံပင်အရှည်ကိုမှ တစ်မျိုးပြောင်းပြီး ပုံစံဆန်းဆန်းလေးဖြစ်အောင် ထားချင်သူတွေအတွက် ဆံပင်အရှည်နဲ့လိုက်မယ့် Hairstyle လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အနုပညာရှင် တော်တော်များများ ထားလေ့ရှိတဲ့ စတိုင်လေးတွေဖြစ်တဲ့အပြင် အရွယ်မရွေးလိုက်ဖက်စေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

၁။ Soft Face Framing Layers

ရှေ့တစ်ထပ် နောက်တစ်ထပ်ကေကိုမှ အရှေ့ပိုင်းတစ်ထပ်ကို မျက်နှာဘေးဘက်အုပ်ရုံလောက်ညှပ်ပြီး ကွေးထားတဲ့ ပုံစံလေးဖြစ်ပါတယ်။ အထပ်ကေဖြစ်တာမို့ ဆံပင်အုံထူသလိုမြင်ရတဲ့အပြင် ဘေးကနေအုပ်ပေးထားတာကြောင့် မျက်နှာပိုသေးသွားသလို မြင်ရစေမှာပါ။

၂။ Long Shag Cut

ပုံထဲကလို ဆံပင်ရှည်ကို အကောက်လှိုင်းအထပ်လေးတွေ ထည့်ပေးတာကလည်း ရိုးရိုးအဖြောင့်ကိုချထားတာထက် ပုံစံလေးပိုဆန်းပြီး လှနေစေမှာပါ။

၃။ Hime Cut

ဂျပန်မလေးတွေညှပ်တဲ့ Hime Cut ပုံစံကလည်း ဆံပင်အရှည်ထားတဲ့သူတွေ ညှပ်ကြည့်သင့်တဲ့ ခပ်ဆန်းဆန်းဆံပင်ကေလေးပါ။ သူ့ရဲ့ အရှည်၊ အတိုမတူတဲ့ပုံစံလေးက Highlight ဖောက်လို့လည်းလှသလို သင့်ဆံပင်ကေလေးကို အများကြားမှာ ထင်းထွက်နေစေမှာပါ။

၄။ Butterfly Cut

အခုတလော အနောက်တိုင်းသူတွေကြားခေတ်စားတဲ့ Trend Hairstyle လေးဖြစ်ပြီး ရှေ့တိုနောက်ရှည် ဆံပင်အထပ်ကိုမှ မျက်နှာနားကို ခပ်ကွေးကွေးလေး ပုံသွင်းထားတာမျိုးဖြစ်ပါတယ်။ Celebrity တွေကိုယ်တိုင် ညှပ်လေ့ရှိတဲ့ Hairstyle လေးဖြစ်ပြီး မျက်နှာ Shape မျိုးစုံနဲ့ လိုက်တဲ့အပြင် မျက်နှာကျလေးလည်းပိုပေါ်စေပါတယ်။

၅။ Braids Hairstyle

ထွေထွေထူးထူးဆံပင်ပုံမပြောင်းချင်သူတွေအနေနဲ့က ကျစ်ဆံမြီးလေးတွေကျစ်ပြီး ပေါ့ပေါ့ပါးပါး အပြောင်းအလဲလေးလုပ်ကြည့်ပါ။ ချစ်စရာကောင်းပြီး ပိုငယ်သွားပုံပေါက်စေပါလိမ့်မယ်။

၆။ Textured Layers With Bangs

ဆံပင်အရှည်က Bang လေးတွေနဲ့လည်းလိုက်ပါတယ်။ ပုံထဲကလို အထပ်ကေလေးညှပ်ပြီး ရှေ့ဆံမြိတ်လေးနဲ့တွဲထားတာမျိုး လုပ်ကြည့်ပါ။ စတိုင်မရိုးတော့ဘဲ ဆံပင်ထူသလိုမြင်ရပြီး ပုံကျတဲ့ Hairstyle လှလှလေးရစေပါလိမ့်မယ်။

Photo Source: preview.ph, Pinterest