လူတိုင်းကတော့ ဆံပင်ညှပ်တာမျိုးကို မကြာခဏကြုံတွေ့ရမှာပဲလေ။ တန်ဖိုးထားရတဲ့ဆံပင်လေးတွေကို ပျက်စီးတာတွေ၊ မကောင်းတာတွေ၊ မလိုက်ဖက်တာမျိုးတွေမရှိရလေအောင် ဆံပင်ပုံစံကို မလုပ်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်ပုံစံကို V ပုံစံမျိုးထားတာကို ရပ်တန့်လိုက်သင့်ပါပြီ။ ဆံပင်ညှပ်ဆိုင်တွေကို သွားတဲ့အခါမှာ V ပုံစံဆံပင်မျိုးကိုထားတာက ဆံသားတွေကို ပျက်စီးစေဖို့အခွင့်အလမ်းပိုများပြီး ဆံသားနှစ်ခွတွေကိုဖြစ်လာစေနိုင်ပါတယ်။

ရှည်လွန်းတဲ့ဆံပင်ပုံစံမျိုးကို ထားတာမျိုးကိုလည်း ရှောင်သင့်ပါတယ်။ တစ်ချို့တွေကတော့ တန်ဖိုးထားရတဲ့ဆံပင်လေးတွေကို မြတ်နိုးလို့ဆံပင်တွေကိုရှည်အောင်ထားပေမယ့် အရမ်းရှည်လွန်းတဲ့ဆံပင်တွေကြောင့် သင့်ကိုပိုပြီးအသက်ကြီးတယ်လို့ထင်ရစေပါတယ်။

တကယ်လို့သင့်မျက်နှာက ကြီးပြီးကျယ်တဲ့မျက်နှာပုံစံမျိုးဆိုရင် ရှေ့ဆံပင်အတိညှပ်တာမျိုးတွေကို ဆင်ခြင်ဖို့လိုပါတယ်။ ဒီလိုမျိုး ရှေ့ဆံပင်အတိတွေက မျက်နှာရှည်သွယ်တဲ့သူမျိုးတွေနဲ့ ပိုလိုက်ဖက်ပြီး မျက်နှာကြီးတဲ့သူတွေနဲ့ဆိုရင် မျက်နှာအချိုးအစားကို မလှပသလိုမျိုးခံစားရစေနိုင်ပါတယ်။

ကိုယ့်ဘာသာညှပ်တာမျိုးကို ရှောင်ဖို့လိုအပ်ပါတယ်။ ကိုယ့်ဆံပင်ညှပ်တဲ့ အတတ်ပညာကိုတတ်ထားတာမဟုတ်ပဲ အိမ်မှာကိုယ်တိုင်ညှပ်တာမျိုးက ဆံပင်ကိုပုံမကျပန်းမကျဖြစ်စေပြီး သင်နဲ့မလိုက်ဖက်တဲ့ ဆံပင်ပုံစံမျိုးကို ပိုင်ဆိုင်နေရပါလိမ့်မယ်နော်။

ဆံပင်ညှပ်တော့မယ်ဆိုရင် ကျွမ်းကျင်တဲ့သူတွေဆီမှာ ညှပ်တာကပိုပြီးတော့သင့်တော်ပါတယ်။ ဘယ်ဆိုင်ကဆံပင်ညှပ်တာ ပုံကျလည်းဆိုတာမျိုးကိုလည်း အမြဲတမ်းစုံစမ်းနေဖို့လိုအပ်ပြီး တကယ်ညှပ်တော့မယ်ဆိုရင် ဆံပင်ညှပ်ပေးမယ့်သူနဲ့ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါ။

Photo Source: Shutterstock