သင်က လူငယ်တစ်ယောက်ဆိုရင် ငယ်ရွယ်တဲ့အချိန်မှာ ငယ်ရွယ်မှုကို အကျိုးရှိစွာ ပျော်ပျော်ရွှင်ရွှင် အသုံးချသင့်ပါတယ်။ အသက်ကြီးမှ ငယ်ချင်တယ်လို့ တောင့်တလို့ မရတော့ပါဘူး။ လူငယ်ဘဝမှာ လူငယ်တွေ လုပ်တတ်တဲ့ အရာတွေကို သင်ကိုယ်တိုင်ပါ လိုက်လုပ်ကြည့်သင့်ပါတယ်။ ဒီလိုပဲ လူငယ်တွေ ညှပ်တတ်တဲ့ ဆံပင်ပုံစံကိုလည်း လူငယ်ဖြစ်တဲ့ သင့်အနေနဲ့ ညှပ်ကြည့်သင့်ပါတယ်။ အမြဲ ဆံပင်ရှည်ပဲ ဆိုရင် သင့်အတွက် အသစ်အဆန်းက ဘယ်လိုလဲ ခံစားမိတော့မှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ လူငယ်မိန်းကလေးတွေ ညှပ်လေ့ရှိတဲ့ Haircut Idea တွေကို ဖော်ပြပါရစေ။ သင့်မျက်နှာနဲ့ လိုက်ဖက်လောက်တဲ့၊ သင်နှစ်သက်တဲ့ ပုံစံကို ရွေးချယ်ကြည့်နိုင်ပါတယ်။

Wolf Cut

ဆံပင်အလွှာလိုက် ခုတ်ချထားတဲ့ Wolf Cut ကို ပေါ့ပေါ့ပါးပါး နေထိုင်တတ်တဲ့ လူငယ်ကောင်မလေးတွေ ညှပ်လေ့ရှိပါတယ်။

ဆံပင်ဂုတ်ကျော် လှိုင်းကောက် ပုံစံ

ဆံပင်ကို ဂုတ်အကျော် ညှပ်ကာ လှိုင်းတွန့်ပုံစံလေး ထားတာက မျက်နှာ ပိုသွယ်တယ် ထင်ရစေပါတယ်။

၃ လွှာ Haircut

ဆံပင်အလွှာကို ၃ လွှာထိ ညှပ်ကာ လှိုင်းပြေပြေလေး ကောက်တာက အခုနောက်ပိုင်း လူငယ်မိန်းကလေးတွေ နှစ်သက်တဲ့ ပုံစံပါ။

Bob

ဆံပင်တို ညှပ်မယ့် လူငယ်မိန်းကလေးတွေအနေနဲ့ Bob Hairstyle ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။

အတို အကောက်

နဂို ကောက် ကောင်မလေးတွေအနေနဲ့ ဒီပုံစံ ညှပ်နိုင်ပြီး မျက်နှာ ကို ပိုထင်ရှားစေချင်ရင် ဒီအတို အကောက်ပုံစံလေးက လိုက်ဖက်မှာပါ။

အတို အတိ

အတို အတိ စတိုင်လေးက သွက်သွက်လက်လက် ရှိတဲ့ လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်မှာ မလွဲမသွေပါပဲ။

ရှေ့ Bang နဲ့ အတို

ရှေ့ Bang ညှပ်ကာ မတိုမရှည် ဆံပင်စတိုင်လေးကို ဆံပင် အရောင် ချွတ်ပြိး ဆံသား ပျက်ဆီးသွားတဲ့ ပျိုမေတို့ ညှပ်နိုင်ပါတယ်။

Pixie haircut

ယောက်ျားလေးဆန်ဆန် အထာကျကျ မိုက်ချင်ရင်တော့ ဒီဆံပင်စတိုင်က သင့်ကို ကြိုဆိုနေပါတယ်။

ဂုတ်ကျော်အတိ

ဂုတ်ကျော် အတိဆံပင်စတိုင်ကို Oval Shape Face ပိုင်ဆိုင်တဲ့ ကောင်မလေးတွေ ညှပ်သင့်ပါတယ်။

Curtain Bang

မျက်ခုံးအကျော် အရှည် Bang ထားကာ နှစ်ဘက်ခွဲထားပြီး ဆံပင် ပြေပြေလေး ကောက်ထားတာက ချစ်ဖို့ကောင်းတဲ့ လူငယ်ကောင်မလေး တစ်ယောက် ဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar