မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. မိန်းကလေးတွေအတွက် ဆံကေသာဆိုတာ တကယ်ကို အရေးပါပါတယ်နော်။ ဒီလိုအရေးပါတဲ့ဆံပင်ကို ခေါင်းလျှော်တာက ဆံကေသာအတွက် အကျိုးကျေးဇူးများစွာရှိတာမလို့  မှန်ကန်တဲ့နည်းနဲ့ လျှော်ဖို့တော့ အရေးကြီးပါတယ်နော်။

ဒါဆို ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို ဘယ်လိုလျှော်ရမလဲ ?  ဆံပင်ကို လျှော်တဲ့အခါ ခေါင်းလျှော်ရည်နဲ့ လျှော်တာကစလို့ အခြောက်ခံတဲ့အထိက လွယ်ကူပေမယ့် သတိထားရမယ့်အချက်တွေရှိတာမလို့ ဒီအချက်လေးတွေကို သတိထားပြီး လျှော်ပေးပါ။

နေ့တိုင်းမလျှော်ပါနဲ့

နေ့တိုင်းခေါင်းလျှော်တာက သဘာဝအဆီတွေကို ဖယ်ရှားပေးနိုင်တယ်ဆိုပေမယ့် ဆံသားကို  ခြောက်သွေ့စေနိုင်ပါတယ်။ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်လောက်လျှော်ပေးရင် လုံလောက်ပါပြီ။

ကြက်သီးနွေးရေသုံးပေးပါ

ခေါင်းလျှော်တဲ့အခါ ရေနွေးကပူနေရင် ဆံသားကိုခြောက်သွေ့‌ပြီး မွဲခြောက်စေပါတယ်။ ဒါကြောင့် ဆံပင်ရဲ့  Cuticles ကိုဖွင့်ပြီး ကောင်းစွာသန့်ရှင်းစေဖို့အတွက် ကြက်သီးနွေးရေကို သုံးပေးပါ။ရေအေးနဲ့ထပ်လျှော်ပေးပါ

ရေအေးနဲ့ထပ်လျှော်ပေးပါ

ကြက်သီးနွေးရေနဲ့လျှော်တဲ့အခါ ပွင့်လာတဲ့ Cuticles တွေကို ပြန်ပိတ်ဖို့လိုပါတယ်။ ရေအေးက ဒါကို အဆင်ပြေအောင် ကူညီပေးနိုင်ပါတယ်။ Cuticles များကိုပိတ်ခြင်းအားဖြင့် ဆံသားအတွက် အကျိုးပြုတဲ့ သဘာဝဆံပင်အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

စစ်ထားတဲ့ရေကိုသုံးပါ

ရေပိုက်ခေါင်းကလာတဲ့ရေထဲမှာ ကလိုရင်းနဲ့  တခြား ဓာတုပစ္စည်းများပါ၀င်တာကြောင့် ဆံပင်ကို ထိခိုက်စေနိုင်ပါတယ်။ စစ်ထားတဲ့ရေကိုသုံးတာက ဆံပင်သာမက အသားအရေအတွက်လည်း ကောင်းမွန်စေပါတယ်။

မှန်ကန်တဲ့ Product ကိုသုံးပါ

ဆံပင်အမျိုးအစားနဲ့ ကိုက်ညီတဲ့  Product တွေကို သေချာရွေးပြီး အသုံးပြုပါ။ ဥပမာ –  ဦးရေပြားအဆီပြန်တဲ့သူတွေက ခြောက်သွေ့တဲ့ဦးရေပြားအတွက် ထုတ်ထားတဲ့စ္စည်းကို မသုံးသင့်ပါဘူး။