သင်က ဆံပင် ခဏခဏ ဆိုးတာကြောင့် ဆံပင်ပျက်စီးနေသူ၊ ချွတ်ဆေးကြောင့် ဆံပင်ခြောက်သွေ့နေသူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကျန်းမာတဲ့ဆံကေသာက မိန်းမလှတိုင်းအတွက် မရှိမဖြစ်ပါပဲ။ အခုဖော်ပြမယ့် နည်းလမ်းမှာ လိုအပ်တဲ့ ပစ္စည်းတွေက သင့်ဆီမှာ အလွယ်တကူ ရနိုင်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီတော့ နည်းလမ်းကို ကြည့်လိုက်ရအောင်နော်-

ပါဝင်ပစ္စည်း

၁။ ပျားရည်
၂။ သံလွင်ဆီ

ပြုလုပ်ပုံနဲ့ အကျိုးကျေးဇူး

၁။ ပျားရည်

ပျားရည်က ဆံကေသာကို ပြန်လည်စိုပြေစေပါတယ်။ ဆံပင် ခြောက်သွေ့တတ်သူဆိုရင် ပျားရည်နဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ ဆံပင်ပစ္စည်းတွေက သင့်တော်မှာပါ။ ဒါ့အပြင် ပျားရည်က ဆံပင်ကို တောက်ပစေပါတယ်။ ပျားရည်ကို ဆံပင် တစ်ခါ လိမ်းစာ ခွက်တစ်ခွက် ထဲ ထည့်ရပါမယ်။

၂။ သံလွင်ဆီ

သံလွင်ဆီကတော့ ပျိုမေတို့ ဆံကေသာအတွက် အထူး အသုံးဝင်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ သံလွင်ဆီက ဆံသား အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ဆံပင် ဖြောင့်စင်းစေပါတယ်။ ဆံကေသာ ပျော့ပြောင်းစေပြီး ဆံပင်ကျွတ် သက်သာစေပါတယ်။ ပျားရည်ထည့်ထားတဲ့ ခွက်ထဲကို သံလွင်ဆီ ရောမွှေပေးရပါမယ်။

Photo Source: makeupandbeauty.com

သေချာ မွှေပြီးနောက်မှာတော့ ခြောက်သွေ့တဲ့ ဆံပင်ပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် အာနိသင်စိမ့်ဝင်အောင် Shower Cap နဲ့ အုပ်ထားနိုင်သလို ဒီအတိုင်းလည်း ထားနိုင်ပါတယ်။ မိနစ် ၃၀ ကနေ ၁ နာရီ အတွင်း ထားပေးရပါမယ်။

ပြီးနောက်မှာတော့ ခေါင်းလျှော်ချနိုင်ပါပြီ။ ဒီနည်းလမ်းကို ဆံပင် အရောင်ချွတ်ထားသူတွေ သာမက အရောင်ဆိုးထားသူ ပျိုမေတိုင်း သုံးနိုင်ပါတယ်။

By MyStyle Myanmar