တချို့ကျ ဆံပင်အရှည်မြန်ပေမယ့် တချို့ကျတော့လည်း ဆံပင်ရှည်တာ အရမ်းနှေးပါတယ်။ ဆံပင်အရမ်းကျွတ်ရင်လည်း ဆံပင်ရှည်တာ နှေးပါတယ်။ အဓိကကတော့ ဆံသားကျန်းမာနေဖို့ပါပဲ။ ဒါကြောင့် ဆံပင်အရှည်နှေးသူများနဲ့ ဆံသားကျန်းမာလှပချင်သူတိုင်း သိထားသင့်တဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်ဖြီးတဲ့အခါမှာ ဦးခေါင်းထပ်ကနေ စမဖြီးပါနဲ့။ ဆံဖြားကနေ ဖြေးဖြေးချင်းစီ စဖြီးပါ။ အပေါ်ကို တစ်ဆင့်ချင်းစီ တက်သွားပြီး ညင်ညင်သာသာ ဖြီးပါ။ ဒါမှ ဆံပင်ကျွတ်သက်သာမယ်၊ ဆံသားပြတ်ထွက်တာမျိုးတွေ မဖြစ်မှာပါ။

ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်မခြောက်သေးပဲ ခေါင်းမဖြီးပါနဲ့။ ဆံပင်ခြောက်အောင် အရင်သုတ်ပြီးမှသာ ခေါင်းကို ဖြေးဖြေးချင်းဖြီးပြီး ရှင်းပါ။ ဒါမှ ဆံသားနာတာ သက်သာမယ်၊ ဆံပင်ကျွတ်တာ၊ ပြတ်ထွက်တာ သက်သာပါမယ်။

ခေါင်းဖြီးတဲ့အခါမှာ ဖြီးကို ဘီးကျဲပဲသုံးပေးပါ။ ကိုယ်သုံးတဲ့ ဘီးကိုလည်း တစ်ပတ်တစ်ခါ ဆေးပေးပါ။ ဒါမှလည်း ဆံပင်ကျွတ်တာ သက်သာမယ်၊ ဆံသားကျန်းမာပါမယ်။

ဆံသားကျန်းမာစေဖို့ essencial oil ကို တစ်ခါလိမ်းရင် ၃ စက်ကနေ ၆ စက်အထိချပြီး လိမ်းပါ။ တစ်ပတ်မှာ ၂ ကြိမ်လောက် လိမ်းပေးပါ။ ဒါမှ ဆံပင်သန်ပြီး အရှည်မြန်မယ်၊ ဆံသားနှစ်ခွဖြစ်တာ၊ ဆံသားဖွာတာတွေ သက်သာပါမယ်။

Source: www.5minutecrafts