ဆံပင်အရှည်ထားတယ်ဆိုရင် ဆံသားထိန်းသိမ်းတာလောက်တော့ လုပ်ပေးသင့်ပါတယ်။ ဒါမှလည်း ဆံပင်အရှည်ကြီးနဲ့ လှနေမှာပါ။ ဆံသားထိန်းသိမ်းမှုမရှိရင် ဆံပင်ပျက်စီးပြီး ဒီလိုမျိုး ဆံပင်ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်။

ဆံပင်ကျွတ်လာခြင်း

ဆံပင်အရှည်က ပိုပြီးတော့ ကျွတ်လွယ်ပါတယ်။ ဒါကြောင့် ဆံသားကိုသေချာမထိန်းသိမ်းရင် ဆံပင်တွေကျွတ်လာပြီး ဆံပင်ပါးတာတွေ ဖြစ်လာပါလိမ့်မယ်။

ထိပ်ပြောင်လာခြင်း

အပေါ်မှာပြောခဲ့သလိုပဲ ဆံပင်တွေကျွတ်လာတဲ့အတွက် ကြာရင် ထိပ်ပြောင်တာ၊ ထိပ်ကွက်တာတွေအထိ ဖြစ်လာပါလိမ့်မယ်။

ဆံပင်အဖျားရှူးလာခြင်း

ဆံပင်ရှည်ရင် အဖျားရှူးတာက ဖြစ်တတ်ပါတယ်။ အဲ့တာကိုမှ သေချာမထိန်းသိမ်းရင်တော့ ဆံပင်ကျွတ်ပြီး အဖျားပိုရှူးလာပါလိမ့်မယ်။

အရှည်နှေးလာခြင်း

ဆံပင်တွေကျွတ်ရင်၊ ဆံပင်အဖျားတွေရှူးရင် ဆံပင်အရှည်နှေးလာစေပါတယ်။ ဒါကြောင့် ဆံပင်အရှည်မြန်ချင်တယ်ဆိုရင် ဆံသားထိန်းသိမ်းမှုကို သေချာလုပ်ပေးသင့်ပါတယ်။

ဆံသားခြောက်သွေ့ပျက်စီးလာခြင်း

ဆံသားမထိန်းသိမ်းတဲ့အခါမှာတော့ ဆံသားခြောက်သွေ့ပျက်စီးတာတွေ ဖြစ်လာမှာပါ။ ဆံပင်နှစ်ခွဖြစ်တာ၊ ဖွာတာတွေဖြစ်ပြီး unhealthy hair ဖြစ်နေမှန်း သိသာစေပါတယ်။

ဆံသားပိုရှုပ်ထွေးပြီးငြိလွယ်ခြင်း

ဆံသားမထိန်းသိမ်းတော့ ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်၊ အဆီဓာတ်တွေလည်း မရှိတော့ပဲ ဆံသားဖွာတာ၊ ပိုရှုပ်ထွေးပြီး ငြိလွယ်တာတွေ ဖြစ်လာပါလိမ့်မယ်။