အိပ်တဲ့အခါမှာ ဆံပင်ကိုသေချာဖြီးပြီး ကျစ်ဆံမြီးလျော့လျော့လေးကျစ်ပြီး အိပ်သင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ ဆံပင်ကို ဖားလျားချပြီး အိပ်မယ်ဆိုရင် ဆံပင်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်း

အိပ်တဲ့အခါမှာ ဆံပင်ကိုဖားလျားချအိပ်ရင် ပွတ်တိုက်မှုကြောင့် အိပ်ယာထတာနဲ့ ဆံပင်တွေငြိတာ၊ ရှင်းရခက်တာတွေဖြစ်ပြီး ဆံပင်အများကြီး ကျွတ်စေပါတယ်။ အိပ်ခါနီး ဆံပင်မရှင်းပဲသာ အိပ်လိုက်မယ်ဆိုရင်တော့ ပိုတောင်ကျွတ်အုံးမှာပါ။

ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း

ဆံပင်ကို အမြဲတမ်းဖားလျားချအိပ်တာက ဆံပင်အဖျားတွေ နှစ်ခွဖြစ်စေပါတယ်။ ဆံပင်နှစ်ခွတွေဖြစ်ရင် ဆံပင်အရှည်နှေးပြီး အဖျားရှူးတာတွေ ဖြစ်စေပါတယ်။

ဆံပင်ဖွာခြင်း

ဆံပင်ဖားလျားချအိပ်တာက frizzy hair ဖြစ်ပြီး ဆံသားကျိုးကြေတာမျိုးတွေ၊ ဆံသားမှာရှိသင့်တဲ့ moisture တွေ ဆုံးရှုံးစေတဲ့အတွက် ဆံပင်ဖွာတာ၊ ဆံသားခြောက်သွေ့တာတွေ ဖြစ်စေပါတယ်။

ဦးရေပြားနဲ့ဆံသားနာခြင်း

အဓိကကတော့ ဆံပင်ဖားလျားချအိပ်တဲ့အတွက် အိပ်ယာနိုးရင် ဆံပင်တွေရှုပ်ထွေးပြီး ငြိတာတွေဖြစ်လို့ ရှင်းရခက်ပြီး ဦးရေပြားနဲ့ ဆံသားနာတာတွေ ဖြစ်လာတာပါပဲ။

အဆီဖု၊ ဝက်ခြံထွက်ခြင်း

ဆံပင်ဖားလျားချအိပ်တဲ့အတွက် ဆံပင်မှာကပ်နေတဲ့ အညစ်အကြေးနဲ့ အဆီတွေက ခေါင်းအုံးစွပ်ကနေတစ်ဆင့် မျက်နှာအသားအရေကိုထိပြီး အဆီဖုထွက်တာ၊ ဝက်ခြံထွက်တာမျိုးတွေ ဖြစ်စေပါတယ်။