ဆံကေသာရဲ့ အလှတရားဆိုတာ ကျွန်မတို့ မိန်းကလေးတွေ တန်ဖိုးထား မြတ်နိုးရတဲ့ အလှတရားတစ်ခုပါပဲ။ ဆံကေသာအလှအတွက် ငွေကြေးအများကြီးကုန်ကျခံစရာမလိုဘဲ ဆံပင်အရှည်မြန်စေပြီး သန်စွမ်းစေမယ့် နည်းလမ်းကို မျှဝေပေးပါမယ်။

၁။ ဆံပင်အများကြီး ကျွတ်ရင်

ဆံပင်အများကြီးမကျွတ်ရလေအောင် သင့်အနေနဲ့ ခေါင်းလျှော်ထားလို့ ဆံပင်ရေစိုစုမှာ ခေါင်းမဖြီးပါနဲ့။ ဆံပင်က မူမမှန်ဘဲ အရမ်းကျွတ်နေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၂။ ဆံပင်အရှည်မြန်စေတဲ့ ခေါင်းလျှော်ရည် ဝယ်သုံးပါ

ရိုးရိုးခေါင်းလျှော်ရည်အစား ဆံပင်အရှည်မြန်စေတဲ့ ခေါင်းလျှော်ရည် ဝယ်သုံးတာဟာ သင့်ဆံကေသာကို အရှည်မြန်စေပါတယ်။

၃။ ခေါင်းလျှော်ရည်ကိုရော ပေါင်းဆေးပါသုံးပါ

ခေါင်းလျှော်ရည်သုံး ပြီးရင် ပေါင်းဆေးကိုပါသုံးပေးပါ။ ပေါင်းဆေးကိုလည်း ဆံပင်အရင်းကနေမဟုတ်ဘဲ ဆံပင်အဖျားနဲ့ အလယ်ကိုလိမ်းပေးပါ။

၄။ ဆံပင်ကို ပုံမှန်လေး တိပေးပါ

ငွေကုန်ကြေးကျသက်သာပြီး ဆံပင်အရှည်မြန်စေမယ့် နည်းလမ်းလေးတွေ

ဆံပင်အဖျားလေးတွေကို ပုံမှန်လေးတိပေးတာဟာ သင့်ကို ဆံပင်ရှည်စေဖို့ ကူညီပေးမှာပါ။အဖျားနှစ်ခွများရင် ဆံပင်အဖျားလေးတွေကို ပိုပြီးတိပေးသင့်ပါတယ်။ ၃ လတစ်ခါလောက်တော့ ပုံမှန်တိပေးပါ။

၅။ ဗောက်ပြဿနာကို ဖြေရှင်းပါ

ဗောက်ထရတဲ့ အဓိကအကြောင်းရင်းတွေ

ဗောက်အရမ်းထတာမျိုး ဆိုရင် သင့်ဦးရေပြားကို ဂရုစိုက်ပါ။ သင့်ဦးရေပြားကို ခြောက်သွေ့လို့လား အဆီပြန်လို့လားဆိုတာ အရင်လေ့လာသင့်ပါတယ်။ တချို့က ဦးရေပြား အဆီပြန်တတ်ပေမယ့် ဗောက်ထတတ်တာရှိပါတယ်။ ဗောက်ထလို့ဆိုပြီး ဦးရေပြား အဆီဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်ဝယ်ရင် သင့်ကို ဗောက်ပိုထစေမှာပါ။

၆။ လေမှုတ်စက်ကို အပူချိန်လျှော့သုံးပါ

တကယ်တော့ လေမှုတ်စက်မသုံးတာပိုကောင်းပေမယ့် လေမှုတ်စက်မသုံးရင်လည်း တချို့က အအေးမိပြီး နှာစေးတတ်ပါတယ်။ အဲဒီအခါလေမှုတ်စက်သုံးပါ။ အပူကို လျှော့သုံးပါ။