ဆံပင်ကို ပေါင်းတင်တဲ့နည်းလမ်းတွေ အမျိုးမျိုးထဲကမှ ရေနွေးငွေ့နဲ့ပေါင်းတာက အရိုးရှင်းဆုံးနဲ့ အကုန်ကျနည်းပြီး အိမ်မှာနေရင်းလုပ်လို့ရတဲ့ နည်လမ်းဖြစ်သလို ဆံပင်အတွက်လည်း အများကြီးအကျိုးရှိစေတာမလို့ အချိန်ရတဲ့အခါ အိမ်မှာလုပ်ကြည့်ပါ။

ဆံပင်ကို ရေနွေးငွေ့နဲ့ပေါင်းတဲ့အခါ စိုနေတဲ့အပူရှိန်က ဆံသားအတွင်းပိုင်းနဲ့ မွှေးညင်းလေးတွေကို ပွင့်စေတာမလို့ အပျော့စားခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်တဲ့အခါ ဆဲလ်အသေတွေကို လွယ်လွယ်ဖယ်ရှားလို့ရပါတယ်။

ဆံပင်က ကိုင်လိုက်ရင် ကြွပ်ဆပ်ဆပ်နဲ့ ကျိုးတော့မယ်လို့တောင် ထင်ရရင် ရေနွေးငွေ့နဲ့ ပေါင်းကြည့်ပါ။ ဆံပင်ကို ရေနွေးငွေ့နဲ့ပေါင်းတဲ့အခါ စိုနေတဲ့အပူရှိန်က အစိုဓာတ်ကို ပိုပြီး စုပ်ယူပေးနိုင်တာကြောင့် ဆံပင်ကို ပျော့ပျောင်းစေပါတယ်။

ရေနွေးငွေ့နဲ့ပေါင်းတာရဲ့ နောက်ထပ်ထူးခြားတဲ့အချက်က ဆံပင်နှစ်ခွဖြစ်တာကို သိသိသာသာလျော့ကျစေတာပါ။ ဒါ့အပြင် ဆံပင်ကို အားကောင်းစေပြီး ကျန်းမာစေပါတယ်။

ရေနွေးနဲ့ပေါင်းတင်တာက ဆံသားကို အစိုဓာတ်ပေးရုံသာမက ဉီးရေပြားဆီ သွေးစီးဆင်းမှုကို တိုးစေပြီး ဆံပင်အရင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဦးရေပြားက ချွေးပေါက်တွေကို ပိတ်စေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။

ကောက်ထားတဲ့ဆံပင် ဒါမှမဟုတ် နဂိုကောက်တဲ့ဆံသားပိုင်ရှင်တွေဆို မကြာမကြာ ရေနွေးငွေ့နဲ့ပေါင်းတင်ပေးပါ။ ဆံပင်ပေါင်းတင်ပြီးတဲ့အခါ သင့်ဆံပင်ကောက်တွေက စိုပြီးတောက်ပြောင်နေတာ တွေ့ရမှာပါ။