ဆံပင် color ဆိုးမယ့် short hair လေးတွေအတွက် short hair နဲ့ဆို အရမ်းလိုက်ဖက်တဲ့ ဆံပင် color တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင် color ပြောင်းချင်တယ်၊ ပုံစံပြောင်းချင်တယ်ဆိုရင် ဆိုးကြည့်လိုက်တော့နော်။

ဒီ color ဆိုရင် အခုနောက်ပိုင်းမှာ ခေတ်စားနေတဲ့ color ဖြစ်သလို ဆိုးလိုက်တာနဲ့လည်း မျက်နှာလေးလင်းပြီး ဖြူသွားစေပါတယ်။ ဆံပင်အတို အရှည် အားလုံးနဲ့လိုက်ဖက်တဲ့ color လေးပါ။

Color ဆန်းတာတွေ မဆိုးချင်တဲ့သူဆိုရင် ဆံပင်အတိုရိုးရိုးလေးညှပ်ပြီး ဒီ color လေးသာ ဆိုးချလိုက်ပါ။ မျက်နှာလေးလင်းပြီး ပိုနုသွားစေပါတယ်။

ဆံပင်ကို color တွေသိပ်မဆိုးချင်ရင် အမဲပဲထားပြီး အထဲမှာ ဒီလို highlight လေးတွေပဲဖောက်ပါ။ ဒါလည်း short hair တွေနဲ့ အရမ်းလိုက်ဖက်တယ်နော်။

ဒီ color ဆိုရင် ဆံပင်တော့ချွတ်ရပေမယ့် အရမ်းလှပါတယ်။ ဒါကြောင့် color အဆန်းတွေမဆိုးချင်ရင် ဒီ color လေးသာ ဆိုးကြည့်လိုက်ပါ။ ဘယ်တော့မှရိုးမသွားပဲလှတဲ့ color ပါ။

ခပ်မိုက်မိုက် color လင်းလင်းလေးတွေ ဆိုးချင်တယ်ဆိုရင် ဒီ color သာ ဆိုးချပစ်ပါ။ မိုက်လည်းမိုက်သလို အရမ်းလည်းလှပါတယ်။

Short hair ကိုမှ step လေးတွေညှပ်ထားတယ်ဆိုရင် ဒီ color မျိုးကို ဆိုးကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။

ပုံစံပြောင်းမယ်၊ ဆံပင်ကိုချွတ်ပစ်မယ်လို့ စဉ်းစားထားရင် ဒီ color မျိုးက မိုက်လည်းမိုက်သလို လှလည်းလှတယ်နော်။

ပုံစံပြောင်းပြီး မိမိုက်သွားစေမယ့် color မျိုးပါ။ ဒီ color ဆိုးရင် ဆံပင်ကို ရိုးရိုးဂုတ်ဝဲကေလေးတွေ ညှပ်တာထက် ဒီလိုအထာကျကျလေး ညှပ်ထားတာမျိုးနဲ့ ပိုလိုက်ပါတယ်။

Color တောက်တာ မဆိုးချင်ရင် color အမှိုင်းလေးဖြစ်တဲ့ ဒီလို color မျိုးကိုလည်း ဆိုးကြည့်ပါ။ ငြိမ်ပြီး color ဆန်းလေးနဲ့ လှပါတယ်။ Short hair ကိုမှ ဘယ်လို hairstyle မျိုးနဲ့မဆို လိုက်ဖက်တဲ့ color လည်း ဖြစ်ပါတယ်။