တချို့မိန်းကလေးတွေက ဆံပင်အရောင်ဆိုးပြီဆိုရင် သူများနဲ့မတူတာမျိုးတွေ၊ ဆိုးနေကျအရောင်တွေထဲက ကွဲထွက်နေတာမျိုးတွေကို ဆိုးလေ့ရှိကြပါတယ်။ ဒီလိုသူများထက်ပိုထူးခြားတဲ့အရောင်လေးတွေ ဆိုးချင်သူများအတွက် အလန်းစားဆံပင်အရောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မီးခိုးရောင်ကတော့ မိန်းကလေးတော်တော်များများလည်း ဆိုးဖူးကြမှာပါ။ ဒီမီးခိုးရောင်ကိုမှ အောက်နားလေးကို အပြာရောင်ဖောက်ဆိုးထားတာလေးဖြစ်လို့ အရမ်းလှပပါတယ်။

Source: www.pinterest.com

အပြာနဲ့ပန်းရောင်ကို ဖောက်ပြီးဆိုးထားတာလေးဖြစ်လို့ အရမ်းထူးခြားပါတယ်။ ဒီအရောင်လေးဆိုရင် အရမ်းလန်းထဲဆံပင်အရောင်တွေထဲကတစ်ခုမို့ သူများနဲ့မတူချင်ရင်တော့ ဒီအရောင်လေးကိုရွေးချယ်လိုက်ပါ။

Source: www.pinterest.com

ဒီအရောင်လေးကတော့ Rose Gold အရောင်လေးလို့ပြောရမှာပါ။ ကော်ဖီရောင်လေးကိုလည်း ကြားထဲမှာဖောက်ဆိုးထားတာဖြစ်လို့ အရမ်းလှပလွန်းပါတယ်။

Source: www.pinterest.com

ဒီဆံပင်အရောင်လေးဆိုရင် ဆိုးတဲ့သူလည်းအရမ်းရှားသလို ဆိုးရတာလည်းခက်ခဲပါတယ်။ ဒါပေမယ့် မြင်တဲ့အတိုင်းပဲ လှတာတော့အရမ်းကိုလှတာပါ။ လုံးဝအလန်းဇယားလေးဆိုးချင်ရင်တော့ ဒီအရောင်ကိုသာရွေးချယ်လိုက်ပါ။

Source: www.pinterest.com

တော်တော်များများက ခရမ်းရောင်ဆိုးပြီဆိုရင် အရောင်ရင့်တာမျိုးကိုပဲ ရွေးချယ်ကြတာများပါတယ်။ ဒီအရောင်လေးကတော့ ခရမ်းနုလေးဖြစ်လို့ ပိုထင်ပေါ်ပြီး လူငယ်ဆန်စေပါတယ်။ အရောင်ဆန်းတာလေးတွေဆိုးချင်ရင်တော့ ဒီလိုအရောင်ကိုရွေးချယ်ပါ။

Source: www.pinterest.com

ကော်ဖီရောင်လေးကိုအရင်ဆိုးပြီး မိုးပြာရောင်လေးတွေကိုဖောက်ပြီးဆိုးထားတာဟာ အရမ်းလှပါတယ်။ အရောင်တောက်တာလည်းမဟုတ်တဲ့အတွက် ဒီအရောင်လေးကိုရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။

Source: www.pinterest.com

ခဲရောင်လေးကိုဆိုးမယ်ဆိုရင်လည်း တစ်ရောင်ထဲမဆိုးပဲ အဖြူလေးနဲ့ဖောက်ပြီးဆိုးပေးပါ။ ဒါကပိုပြီးလူငယ်ဆန်ဆန်နဲ့ အထာကျစေပါတယ်။

Source: www.pinterest.com

ဆံပင်တိုတဲ့ကောင်မလေးတွေဆိုရင် ဆိုးနေကျအတိုင်းကော်ဖီရောင်လေးဆိုးပြီး အောက်နားလေးကိုမှ အပြာရောင်လေးနဲ့ ခဲရောင်လေးဖောက်ပြီးဆိုးပေးပါ။ အရမ်းချစ်စရာကောင်းစေပါတယ်။

Source: www.pinterest.com