ဆံပင်ကောက်ထားတဲ့ပျိုမေတို့အတွက် ကောက်ထားတဲ့ဆံသားနဲ့လိုက်ဖက်ပြီး လှပနေမယ့် ဆံပင်ကာလာတွေကို ဖော်ပြပေးလိုက်ပါတယ်။

သူများနဲ့မတူတဲ့ လုံးဝအမိုက်စားအရောင်လေးဆိုးချင်ရင်တော့ ဒီလိုကာလာအဆက်လေးဆိုးကြည့်ပါ။

ခရမ်းဘက်သွားတဲ့အရောင်လေးနဲ့ အပြာဘက်သွားတဲ့အရောင်လေးတွေဆိုရင် ဆံပင်အကောင်လေးနဲ့ တော်တော်လိုက်ပါတယ်။ အသားဖြူတဲ့သူတွေ၊ ဆံပင်လည်းရှည်တယ်ဆိုရင် ဒီအရောင်လေးတွေကို ရွေးချယ်သင့်ပါတယ်။

အရောင်စိုစိုလေးဆိုးချင်ရင် လိမ္မော်နီဘက်သွားတဲ့အရောင်လေးကို ရွေးဆိုးပါ။ ကောက်သားပြေပြေလေးဆိုရင်တော့ ဒီအရောင်လေးနဲ့ တော်တော်လိုက်ပါတယ်။

ခဲဘက်သွားတဲ့အရောင်လေးတွေဆိုရင် ကောက်ထားတဲ့ဆံပင်နဲ့လည်းလိုက်သလို၊ ဖြောင့်ထားတဲ့ ဆံပင်နဲ့လည်း လိုက်ပါတယ်။

ဆံပင်ကာလာတောက်တာမျိုးမကြိုက်ရင် ကောက်ထားတဲ့ဆံပင်က ကော်ဖီရောင်အရင့်လေးတွေ ဆိုးလို့ရပါတယ်။ အနက်ထက်စာရင်တော့ ပိုလှတာပေါ့။

အစိမ်းဘက်သွားတဲ့အရောင်လေးတွေဆိုရင်လည်း တော်တော်လှပါတယ်။ မျက်နှာလေးလည်း ပိုလင်းသွားစေပါတယ်။

မီးခိုးရောင်ဘက်သွားတဲ့အရောင်လေးတွေဆိုရင် ကောက်သားပြေပြေလေးတွေနဲ့ တော်တော်လိုက်ပြီး အရမ်းလှပါတယ်။

ခပ်မိုက်မိုက်အရောင်လေးကိုပဲဆိုးချင်တယ်ဆိုရင်တော့ ကောက်သားဆံပင်တွေနဲ့ အလိုက်ဖက်ဆုံးက ဒီလိုရွှေအိုရောင်ပါပဲ။