အားလုံးပဲ မင်္ဂလာပါ။ မိန်းကလေးပဲ ဆံပင်ဆိုးလို့ရတာ မဟုတ်ပါဘူး။ ကောင်လေးတွေပါ ဆံပင်ဆိုးနိုင်ပါတယ်။ တချို့တွေဆိုရင် ဆံပင်အနက်ရောက်နဲ့ မလိုက်တာတွေရှိပါတယ်။ ဆံပင်ကို မသိမသာ အဝါလေးဖောက်လိုက်မှ ပိုကြည့်ကောင်းသွားတာတွေရှိပါတယ်။ ဆံပင်အရောင်က ကိုယ်ဆိုးချင်တဲ့ အရောင်ဆိုးနိုင်ပါတယ်။ ကိုယ်နဲ့ လိုက်မလိုက်ကိုတော့ ကိုယ့်အနီးအနားက အသိ မိန်းကလေးတွေဆီက အကြံတောင်းနိုင်ပါတယ်။ ဒါမှမဟုတ် ဆံပင်ညှပ်ဆိုင်မှာ အကြံဉာဏ်တောင်းနိုင်ပါတယ်။ ဆံပင်ညှပ်ဆိုင်ကို ဆံပင်အရောင်လေးတွေ နမူနာပြနိုင်ဖို့ ဒီပုံစံလေးတွေကို ကြည့်ပေးပါနော်။

Photo Source: Pinterest
By MyStyle Myanmar