ဆောင်းရာသီမှာဆိုရင် ဗောက်ထတာ၊ ဆံသားပြတ်ထွက်တာ၊ ဖွာတာ၊ ခြောက်တာတွေက ပုံမှန်ထက်ပိုဖြစ်လေ့ ရှိပါတယ်။ ဒါကြောင့် ဆောင်းရာသီအတွက် ဆံသားထိန်းသိမ်းနည်းကို ပြောပြပေးလိုက်ပါတယ်။

Heat Styling Tools တွေမသုံးပါနဲ့

Heat Styling Tools တွေသုံးတာက ဆံသားခြောက်ပြီး ပျက်စီးစေတဲ့အတွက် ဆောင်းတွင်းမှာလည်း ဆံသားပိုခြောက်တော့ မသုံးတာက ပိုကောင်းပါတယ်။

ဆံပင်ရေစိုနဲ့အပြင်မထွက်ပါနဲ့

ဆောင်းတွင်း အေးတဲ့နေရာဒေသမှာ ဆံပင်ရေစိုနဲ့ အပြင်ထွက်ရင် ကျန်းမာရေးထိခိုက်စေပါတယ်။ ဆံပင်ကလည်း ဖုန်တွေပြန်ကပ်ပြီး ပုံမကျတာ၊ ခေါင်းလျှော်ထားပြီးလည်း ကပ်ကပ်ကြီးဖြစ်နေတာမျိုး ဖြစ်တတ်ပါတယ်။

Conditioner သုံးပေးပါ

ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးပေးတာက ဆံသားသိပ်သိပ်ဝပ်ဝပ်လေး ဖြစ်စေတယ်၊ ဆံသားပျော့ပြောင်းပြီး ဆံသားခြောက်သွေ့တာ၊ ဖွာတာ၊ ပျက်စီးတာတွေလည်း လျော့ကျစေပါတယ်။

Hair Oil သုံးပါ

ဆံသားအရမ်းခြောက်ပြီးဖွာတဲ့ ဆောင်းတွင်းလိုရာသီဥတုမျိုးမှာ Hair Oil မသုံးပဲ လုံးဝမနေပါနဲ့။ Oil Treatment တွေတောင် လုပ်ပေးသင့်တာပါ။ Hair Oil ကို ခေါင်းလျှော်ပြီး ဆံပင်ရေမခြောက်သေးတဲ့အချိန်မှာ လိမ်းပေးပါ။ ဦးရေပြားအထိ မလိမ်းပါနဲ့။ ညတိုင်း ဆံပင်အောက်ဖျားလေးတွေကို Hair Oil လိမ်းပေးပါ။

ရေနွေးနဲ့မလျှော်ပါနဲ့

အေးလို့ဆိုပြီး ရေနွေးနဲ့ ခေါင်းလျှော်မယ်ဆိုရင် ဆံသားခြောက်သွေ့ပြီး ဖွာတာတွေက ပိုဖြစ်လာမှာပါ။ ဆံပင်လည်း ပျက်စီးစေပါတယ်။ ဒါကြောင့် ရေနွေးနဲ့မလျှော်ပါနဲ့။ ခဏခဏခေါင်းလျှော်တာမျိုးလည်း မလုပ်ပါနဲ့။

ဗောက်မထအောင်ဂရုစိုက်ပါ

ဆောင်းတွင်းမှာ ဗောက်ပြဿနာက အရမ်းဖြစ်ပါတယ်။ ဒါကြောင့် ဗောက်မထအောင် ဂရုစိုက်ဖို့လိုပါတယ်။ ဦးရေပြားခြောက်ရင်လည်း ဗောက်ထပါတယ်။ ဒီတော့ Oil Treatment လုပ်ပေးတာမျိုး၊ Hair Oil လိမ်းတာမျိုး မဖြစ်မနေ လုပ်ပေးပါ။ ဖုန်များတဲ့နေရာတွေ သွားပြီးရင် ခေါင်းလျှော်ပေးဖို့လည်း မမေ့ပါနဲ့။