မိုးရာသီဆိုတော့ မိုးရေထဲလျှောက်သွားရလို့ ဆံကေသာကို ထိန်းသိမ်းဖို့လိုပါတယ်နော်။ မိုးစိုလာပြီဆိုရင် ခေါင်းကို မဖြစ်မနေလျှော်ပေးပါ။ တချို့က ဆံပင်ကို ခြောက်အောင်ပဲသုတ်တတ်ကြပါတယ်။ ဒီလိုလုပ်တာမကောင်းပါဘူးနော်။

ခေါင်းလျှော်ပါ။

သန့်ရှင်းတဲ့ရေ ခေါင်းလျှော်ရည်တို့နဲ့ ခေါင်ေးလျှာ်ပေးပါ။ သင့်ဆံပင်ကနေ ကပ်ပါလာတဲ့ ဘက်တီးရီးယားပိုးတွေ ဦးရေပြားကနေ တစ်ဆင့် ကူးစက်ခြင်းမှကာကွယ်ဖို့အတွက် အိမ်ကိုပြန်ရောက်တာနဲ့ ခေါင်းလျှော်ပေးသင့်ပါတယ်။

ပေါင်းဆေးသုံးပါ။

ခေါင်းလျှော်တိုင်း ဆံပင်ပေါင်းဆေးသုံးဖို့လိုပါတယ်။ သင့်ဆံကေသာကို နူးညံ့ ပျော့ပြောင်းစေမှာပါ။ ပေါင်းဆေးသုံးတဲ့အခါ ဦးရေပြားကို မထိပါစေနဲ့နော်။ ဆံပင်တွေပေါ်မှာပဲ လိမ်းပေးပါ။

ရေများများသောက်ပါ။

ဆံပင်ကျွတ်တာကို ကာကွယ်ဖို့အတွက် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက်ထိသောက်ပေးပါ။ ရေဟာ သင့်ခန္တာကိုယ်က အဆိပ်အတောက်တွေကို ကင်းစင်စေပြီး ဆံကေသာကိုလည်း ထိထိရောက်ရောက် သန်စွမ်းစေပါတယ်။

ရှားစောင်းလက်ပက်သုံးပါ။

သဘာဝအတိုင်း ဆံကေသာကို ထိန်းသိမ်းဖို့လိုပါတယ်။ ဗောက်ထတာ ဆံပင်အဖျားကွဲတာ စတာတွေအပြင် ဆံပင်ကျွတ်တာတွေအတွက် ရှားစောင်းလက်ပက်ကို ဦးရေပြားပေါ်လိမ်းပေးပြီး သေချာနှိပ်ပေးပါ။ ဆံပင်တွေကို သန်စွမ်းစေပြီး ဗောက်ကင်းစင်စေမှာပါ။

သဘာဝနည်းလမ်းတွေနဲ့ ပေါင်းသင်ပါ။

မုတ်သုံရာသီဥတုနဲ့ ကိုက်ညီတဲ့ ပေါင်းတင်နည်းကို မျှဝေပေးပါတယ်။

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းရောပြီး ဦးရေပြားနဲ့ ဆံကေသာပေါ်လိမ်းပေးကာ မိနစ် ၃၀ လောက်ထားပါ။ ပြီးရင် ခေါင်ေးလျှာ်ချပါ။

ပျားရည်အစား ကြက်ဥတစ်လုံး တွဲသုံးပေးလည်းရပါတယ်နော်။

Featured Image Source: Digital Wissen