ဆံသားကြွပ်ဆပ်ပြီး ကျိုးကြေတာမျိုး ဖြစ်နေတဲ့သူတွေအတွက် Hair Care Tip တွေကို မျှဝေပေးလိုက်ပါတယ်။ ဆံသား ပြန်လည်ကောင်းမွန်လာချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လုပ်ကြည့်သင့်ပါတယ်။

Oil Treatment

Oil Treatment လုပ်ပေးခြင်းက ဆံသားပျက်စီးနေတာတွေ သက်သာစေပြီး ဆံသားနဲ့ ဦးရေပြားအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဆံသားကြွပ်ဆပ်ပြီး ဖွာတာ၊ ရှုပ်ထွေးတာတွေကိုလည်း သက်သာစေပါတယ်။

Hair Masks

ဆံသားပျက်စီးနေတဲ့သူတွေ၊ ဆံသားကြွပ်ဆပ်ပြီး ကျိုးကြေတာမျိုး ဖြစ်နေတဲ့သူတွေအတွက် Hair Mask ကတော့ မဖြစ်မနေလုပ်ပေးဖို့ လိုပါတယ်။ ထောပတ်သီး၊ ငှက်ပျောသီး၊ ရှားစောင်းလက်ပတ်၊ အုန်းဆီ၊ သံလွင်ဆီ စတာတွေနဲ့ Hair Mask လုပ်ပေးမယ်ဆိုရင် ဆံသားကျန်းမာပြီး သန်စွမ်းစေပါတယ်။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင် အကောင်းဆုံးပါပဲ။

ဆံပင်ပုံသွင်းတာကိုလျှော့ပါ

အပူချောင်းတွေသုံးပြီး ဆံပင်ပုံသွင်းတာတွေက ဆံသားခြောက်ပြီး ဆံသားကြွပ်ဆပ်တာ၊ ကျိုးကြေတာ၊ ဖွာတာမျိုးတွေ ပိုဖြစ်စေပါတယ်။ ဒါကြောင့် အပူချောင်းသုံးပြီး ဆံပင်ပုံသွင်းတာကိုလျှော့ပါ။

ဆံပင်ကာလာဆိုးတာလျှော့ပါ

ဆံသားကြွပ်ဆပ်ပြီး ကျိုးကြေတယ်ဆိုတာက ဆံသားအရမ်းပျက်စီးနေလို့ပါ။ အဲ့တာကိုမှ ကာလာတွေ တစ်မျိုးပြီးတစ်မျိုး ခဏခဏဆိုးနေမယ်ဆိုရင် ဆံသားပိုပျက်စီးဖို့ပဲရှိပါတယ်။ ဒါကြောင့် ဆံသားပြန်လည်ကောင်းမွန်လာဖို့ ဆံပင်ကာလာဆိုးတာကို လျှော့ပေးပါ။ အရောင်ချွတ်တာမျိုးကတော့ လုံးဝကို မလုပ်သင့်တော့ပါဘူး။

Mild Hair Products

ဆံသားပျက်စီးနေရင် Mild ဖြစ်တဲ့ Shampoo တွေ Mild ဖြစ်တဲ့ Hair Products တွေကို ပြောင်းသုံးပေးပါ။ ဆံသားကြွပ်ဆပ်ရင် ဆံပင်ဖွာပြီး ရှုပ်ထွေးတာမျိုးတွေပါ ဖြစ်လာပါတယ်။ ဒါကြောင့် Hair Serum ကောင်းကောင်းလေးသုံးပေးပါ။ ခေါင်းလျှော်ပြီးတိုင်းမှာ Hair Treatment or Conditioner သုံးပေးဖို့လည်း လုံးဝမမေ့ပါနဲ့။ ဒီအချက်လေးတွေကလည်း သင့်ဆံသား ပြန်လည်ကောင်းမွန်လာစေဖို့ ကူညီပေးမယ့် အဓိကအချက်တွေပါ။