ဆံပင်အရောင်ချွတ်ထားရင် ပုံမှန်ထက်တောင် ပိုပြီးတော့ ဆံသားထိန်းသိမ်းပေးသင့်ပါတယ်။ ဆံပင်အရောင်စချွတ်လိုက်ထဲက ဆံသားကတော့ ပျက်စီးသွားတာပါပဲ။ ဒါပေမယ့်လည်း အခြေအနေပိုပြီးမဆိုးအောင် ဆံသားအရမ်းပျက်စီးတာမျိုးမဖြစ်အောင်တော့ Hair Care လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရောင်ချွတ်ထားတဲ့ဆံသားအတွက် Hair Care ပြုလုပ်နည်းတွေကို ပြောပြပေးလိုက်ပါတယ်။

Sulfate-free, Color-treated ဖြစ်တာသုံးပါ

 

ခေါင်းလျှော်ရည်သုံးတဲ့အခါမှာ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပြီးဝယ်ပါ။ အရောင်ချွတ်ထားတဲ့ ဆံသားအတွက်ကတော့ Sulfate-free, Color-treated ဖြစ်တာကို သုံးပေးသင့်ပါတယ်။ ခေါင်းလျှော်တိုင်းမှာလည်း Conditioner or Hair Mask မဖြစ်မနေ သုံးပေးရပါမယ်။

တစ်ပတ်တစ်ကြိမ် Oil Treatment လုပ်ပါ

ဆံသားက Moisture ပြည့်ဝပြီး တောက်ပနေမှ လှတာပါ။ အရောင်ချွတ်ထားတဲ့ဆံသားက ခြောက်သွေ့ပြီး အဆီမရှိသလို Moisture မရှိသလို ဖြစ်နေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ကြိမ် Oil Treatment လုပ်ပေးပါ။ အုန်းဆီ (သို့) Argan Oil ကို ဆံသားအနှံ့များများလေးလိမ်းပြီး Shower Cap နဲ့အုပ်ထားလိုက်ပါ။ ၁ နာရီထားပြီးမှ ခေါင်းလျှော်ပါ။

Hair Oil နေ့တိုင်းလိမ်းပါ

တစ်ပတ်တစ်ကြိမ် Oil Treatment လုပ်ပေးသလိုပဲ နေ့တိုင်းလည်း Hair Oil လိမ်းပေးရပါမယ်။ ဒါမှ ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်နဲ့ Moisture ကိုရရှိပြီး ဆံသားမွဲခြောက်တာမျိုး မဖြစ်မှာပါ။ ဒါမှ ဆံသားတောက်ပြောင်စေမှာပါ။

UV Protection သုံးပါ

 

ဆံပင်က နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးရင် ဆံပင်အရောင်ပါပြောင်းပြီး ဆံသားခြောက်သွေ့တာ၊ ဆံပင်နှစ်ခွဖြစ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အပြင်ထွက်ခါနီးတိုင်းမှာ UV Protection သုံးပေးပါ။

Leave-in Conditioner သုံးပါ

Leave-in Conditioner သုံးပေးခြင်းက ဆံသားအိအိသိပ်သိပ်လေးဖြစ်ပြီး Weight ရှိစေပါတယ်။ ဆံသားမွဲခြောက်တာမျိုး မဖြစ်ပဲနဲ့ ဆံသားတောက်ပြောင်စေပါတယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားကျိုးကြေတာတွေလည်း သက်သာစေပါတယ်။ သုံးတဲ့အခါမှာ ဆံသားအလယ်လောက်ကနေစပြီး အောက်ဖျားကိုလိမ်းပေးပါ။ တစ်ပတ်တစ်ကြိမ်ပဲ သုံးပေးပါ။

Heat Stying Tools တွေ ခဏခဏမသုံးပါနဲ့

ဆံပင်အရောင်ချွတ်ထားလို့ ဆံသားက ပုံမှန်ထက်ပိုပျက်စီးသွားတဲ့အချိန်မှာ Heat Stying Tools တွေ ခဏခဏမသုံးသင့်ပါဘူး။ Heat Stying Tools တွေက ဆံသားကိုပိုပျက်စီးစေပါတယ်။ ခေါင်းလျှော်ပြီးရင် Towel နဲ့သုတ်ပြီး သဘာဝအတိုင်းအခြောက်ခံတာမျိုး၊ တစ်ခါတစ်လေ Heat Stying Tools တွေ သုံးဖြစ်တဲ့အခါမှာလည်း Heat Protection Spray ဖြန်းပြီးမှ သုံးပေးပါ။

6 ပတ်တစ်ကြိမ် ဆံပင်အဖျားတွေ ညှပ်ထုတ်ပါ

ဆံပင်အဖျားတွေနှစ်ခွဖြစ်တာ၊ ပျက်စီးတာတွေက ဖြစ်လွယ်ပါတယ်။ ဆံပင်အရောင်ချွတ်ထားရင် ပိုတောင်ဖြစ်ပါသေးတယ်။ ဒါကြောင့် 6 ပတ်တစ်ကြိမ် ဆံပင်အဖျားတွေကို ညှပ်ထုတ်ပါ။

ပိုးသား (သို့) ဖဲခေါင်းအုံးစွပ်သုံးပါ

ပိုးသား (သို့) ဖဲခေါင်းအုံးစွပ်သုံးပေးတာက ဆံသားရှုပ်ထွေးတာ၊ ဆံသားကျွတ်ဆတ်တာတွေ ဖြစ်ပွားမှုနှုန်းလျော့ကျစေပါတယ်။