ဆံပင်ခဏခဏ ကျွတ်နေတယ်။ ဆံပင်ပါးနေပြီမို့လို့ စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။

အခြေခံအားဖြင့် ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းတွေကတော့ ဟော်မုန်းကြောင့်ပါသလို ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံ စိတ်ဖိစီးမှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။

ခေါင်းမလျှော်ခင်မှာ ဦးရေပြားကို ဖြည်းဖြည်းလေး နှိပ်ပေးပါ။ ခေါင်းလျှော်ပြီးရင် တဘက်နဲ့မသုတ်ဘဲ အဝတ်စားအဟောင်းနဲ့ ဆံပင်ကိုသုတ်ပေးတာ။ ရေစိုနေတဲ့အချိန် ဘီးနဲ့ ခေါင်းမဖြီးဘဲ လက်ချောင်းလေးတွေနဲ့ပဲ ဖြီးချပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

ဆံပင်တွေကို သဘာဝအတိုင်းပြန်ပေါက်စေမယ့် နည်းလမ်းလေးကတော့

ပါဝင်ပစ္စည်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၁ ဇွန်း

အရင်ဆုံး သံလွင်ဆီကို အပူပေးလိုက်ပါ။ ပြီးရင် သံလွင်ဆီကို ခွက်တစ်လုံးထဲထည့်လိုက်ပါ။ ပြီးရင် ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ထည့်ပြီး သေချာမွှေပါ။

အေးသွားပြီဆိုရင် ဆံပင်ဦးရေပြားနဲ့ အမြစ်လေးတွေကို သေချာလိမ်းပေးပါ။ လိမ်းနေတဲ့ချိန်မှာလည်း ဦးရေပြားကို နှိပ်ပေးပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ပါ။