တစ်နေ့တစ်နေ့ မရိုးရအောင် ကြုံနေရတဲ့ ပြဿနာတွေက အဖြေရှာမတွေ့သေးသရွေ့ အိပ်မက်ဆိုးတစ်ခုလို သင့်ကိုလိုက်ပြီး နှောင့်ယှက်နေဦးမှာပါပဲ။

အခုလိုမျိုး ညည်းငွေ့စရာကောင်းလွန်းတဲ့ ပြဿနာတွေဟာ သင့်ရဲ့တစ်နေ့တာက အရေးကြီးတဲ့အချိန်တွေမှာပါ မဝင်ရောက်လာစေနိုင်ဖို့ အခုပြောပြပေးမယ့် နည်းလမ်းလေးတွေကို သေချာပေါက် သိကိုသိထားသင့်ပါတယ်။

၁။ အဆီပြန်တဲ့ဆံပင်

ကိုယ်က တအားအလုပ်ရှုပ်လွန်းလို့ ခေါင်းလျှော်ဖို့အချိန်မရှိတာကြောင့် ဆံပင်ကအဆီပြန်လာပြီဆိုရင် Paper Towels တွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဆံပင်အရင်းက အဆီတွေကို Paper Towels တွေနဲ့ ခြောက်အောင်လိုက်တို့ပြီး ဆံပင်ကိုဖွလိုက်ပါ။

၂။ ဇစ်ပြဿနာ

အကျီအဝတ်အစားတွေရဲ့ ဇစ်တွေက ရုတ်တရက် ဆွဲမရတော့ဘဲ ညပ်နေခဲ့တယ်ဆိုရင် ခဲတံကို အသုံးပြုနိုင်ပါတယ်။ ဇစ်ရဲ့နှစ်ဖက်လုံးကို ခဲသားနဲ့ပွတ်ပေးပြီးတော့ အသာလေး ဆွဲကြည့်ပါ။

၃။ ရင်ဘတ်ချွေးထွက်ခြင်း

အကယ်လို့ သင်က အပြင်ဖက် ရာသီဥတုပူလာပြီဆိုရင်ကို ရင်ဘတ်ချွေးထွက်တတ်သူဆိုရင်တော့ အကျီအဝတ်အစားတွေမှာ ကွက်ကုန်တာမျိုး မဖြစ်စေဖို့ နေ့သုံးအပါးလေးတွေကို ဘရာထဲမှာထည့်ထားလိုက်ပါ။ ချွေးတွေစုပ်သွားပါလိမ့်မယ်။

၄။ ဘောင်းဘီအရာထင်ခြင်း

ကိုယ်ကျပ်ဘောင်းဘီတွေ ဝတ်တဲ့အခါ အရာထင်နေခြင်းက ကြည့်လို့လည်းမကောင်းသလို နေလို့လည်းအဆင်မပြေပါဘူး။ မဝတ်ဖြစ်တော့တဲ့ အသားကပ်ဘောင်းဘီရှည်ကို အတိုဖြစ်အောင် ညှပ်လိုက်ပြီး ကိုယ်ကျပ်ဘောင်းဘီအောက်ကနေ ဝတ်ပေးမယ်ဆိုပါက အရာထင်နေတာတွေ ပျောက်သွားမှာပါ။

၅။ မှင်စွန်းရာများ

အကျီမှာ မတော်တဆ မှင်စွန်းသွားတာမျိုးဖြစ်ခဲ့မယ်ဆိုရင် လက်သန့်ဆေးကို အသုံးပြုနိုင်ပါတယ်။ မှင်စွန်းထားတဲ့အဝတ်ရဲ့အောက်မှာ အဝတ် (သို့) စက္ကူကိုခံလိုက်ပြီး လက်သန့်ဆေးကို အစွန်းအထင်းပေါ်မှာ နည်းနည်းတင်လိုက်ပါ။ ပြီးရင် လက်သုတ်ပုဝါနဲ့ပွတ်တိုက်ပေးပြီး ရေနဲ့ဆေးချလိုက်ပါ။

၆။ ဖိနပ်အစို

အသားကပ်ဘောင်းဘီရှည်တစ်ခုထဲ Cat Litter ထည့်ပြီး ထိပ်ကိုချည်လိုက်ပါ။ ပြီးရင် စိုနေတဲ့ဖိနပ်ထဲထည့်ထားပြီး တစ်ညထားမယ်ဆိုပါက အစိုဓာတ်တွေအကုန်လုံးကို စုပ်သွားပါလိမ့်မယ်။

၇။ သွားဝါခြင်း

ဝါနေတဲ့သွားကို ငှက်ပျောသီးအတွင်းဖက်နဲ့ ပွတ်ပေးပြီး ၁၀-၁၅ မိနစ်လောက်စောင့်ပါ။ ပြီးရင် သွားပွတ်တံနဲ့ တိုက်ပြီးသန့်စင်ကာ ပါးလုပ်ကျင်းပါ။ ဒီနည်းလမ်းအတိုင်း လုပ်ဆောင်သွားမယ်ဆို မကြာခင်မှာ ဖြူဖွေးတဲ့သွားလေးတွေ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

၈။ ဖိနပ်ချော်ခြင်း

သင့်ဖိနပ်က ချော်ချော်တတ်တယ်ဆိုရင် ကော်ပတ်ကို အသုံးပြုနိုင်ပါတယ်။ ဖိနပ်ခုံကို စက်ဝိုင်းအတိုင်း ကော်ပတ်နဲ့ပွတ်ပေးပြီး ဖနောင့်ကနေ အဖျားအထိ ဆက်ပွတ်ပေးပါ။ အတင်းဖိမပွတ်ဖို့တော့ သတိထားရပါမယ်။

၉။ ချိုင်းချွေး

အာလူးကို အကွင်းလေးတွေလှီးပြီးတော့ ချိုင်းမှာပွတ်ပေးလိုက်ပါ။ အာလူးအရည်က အတွင်းထဲ စိမ့်ဝင်သွားတဲ့အထိ စောင့်ပြီးတော့မှ ရေနဲ့သန့်စင်ပေးပါ။

Source: BrightSide