ကြိုက်လွန်းလို့ဝယ်ထားတဲ့ အင်္ကျီနဲ့ဘောင်းဘီတွေ ဝယ်ထားပြီးကာမှ ပြန်ထုတ်ဝတ်တဲ့အခါ ကြပ်နေတာမျိုး ဝတ်ရခက်နေတာမျိုး ကြုံဖူးလား ? ဒါဆို အခုပြောပြမယ့်နည်းတွေကို စမ်းကြည့်လိုက်ပါ။

ဂျင်းလိုမျိုးမာတဲ့အဝတ်အစားမျိုးတွေ ကြပ်နေရင် ကြပ်နေတဲ့နေရာကို ကျက်သီးနွေးရေလေး ဖြန်းလိုက်ပါ။ ရေစိုနေတုန်း ဂျင်းဘောင်းဘီကို ဝတ်ပြီး ထိုင်ထလုပ်၊ မတ်တပ်ရပ် နည်းနည်းလောက်လှုပ်ပြီး ဝတ်လိုက်ပါ။ အစိုဓာတ်က အမျှင်တွေကို ပျော့ပြီး အထည်ကိုပိုပျော့စေတာကြောင့် ဒီနည်းလမ်းက ကောင်းကောင်းအလုပ်လုပ်ပါတယ်။

ချည်ထည်လိုမျိုးအဝတ်အစားအတွက်ဆိုရင်တော့ ညီပြီးမာတဲ့မျက်နှာပြင်ပေါ်တင်ပြီး ကြပ်နေတဲ့နေရာကို အာရုံစိုက်ပြီး လက်နဲ့ဆွဲဆန့်လိုက်ပါ။

ဘောင်းဘီ သို့မဟုတ် စကတ်တွေက ခါးတစ်ဝိုက်မှာ ကြပ်လွန်းပြီး Elastic Band အပိုင်းလေးကို ကြယ်သီးပေါက်မှာပတ်လိုက်ပြီး ကြယ်သီးကိုလှမ်းချိတ်လိုက်ရင် ဝတ်ရတာသက်တောင့်သက်သာဖြစ်စေပါတယ်။

ဈေးကွက်ထဲမှာ ဒါမှမဟုတ် အွန်လိုင်းမှာ စတိုင်အမျိုးမျိုးနဲ့ ရောင်းနေတဲ့ Waist Extenders တွေကလည်း ခါးမှာကြပ်နေတဲ့ ဘောင်းဘီတွေ စကတ်တွေအတွက် အသုံးဝင်ပါတယ်။