အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုကိုယ် အခြားသူတွေနဲ့ လိုက်နှိုင်းယှဉ်တဲ့အလုပ်က လွယ်ကူတဲ့အလုပ်ပါ။ ကိုယ့်ခန္ဓာကိုယ်ပုံစံကို မကြိုက်တဲ့အချိန် ကိုယ့်အသားအရေကို သဘောမကျတဲ့အချိန်တွေမှာ ပိုပြီး နှိုင်းယှဉ်တတ်ကြပါတယ်။ ဒီလို သူများနဲ့ယှဉ်တဲ့ အကျင့်ရှိတဲ့ ပျိုမေတွေအနေနဲ့ ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်တဲ့ အမျိုးသမီးတွေကို အတုယူသင့်ပါတယ်။ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေကို ချစ်ခင်သူပေါများတာတော့ ပြောစရာမလိုတော့ပါဘူး။

သင့်မျက်နှာပေါ်မှာ ဘာတွေပဲလိမ်းလိမ်း သင့်ကို လှပစေတာ ဒီအရာတွေကြောင့်မဟုတ်ပါဘူး။ သင့်ကိုယ်သင် မြင်နေတာတွေကလည်း အခြားသူတွေနဲ့မတူနိုင်ပါဘူး။ ဒါကြောင့် သင်ဟာ ကိုယ့်ကိုကိုယ်ချစ်တတ်ပြီး အမြဲဆွဲဆောင်မှုရှိချင်တယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့အကျင့် (၉)ခုအတိုင်း ကျင့်သုံးနေထိုင်သင့်ပါတယ်။

အမှန်အတိုင်းပဲ နေတတ်တယ်

ဟန်ဆောင်မှုကင်းတယ် တည်ငြိမ်တာတွေက ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေမှာ မြင်ရတတ်တဲ့အကျင့်တွေပါ။ ဦးဆောင်တတ်သူများဖြစ်ပြီး နောက်လိုက်လုပ်မယ့်အထဲ သူတို့မပါပါဘူး။ ဟန်ဆောင်ရတာကို မုန်းပြီး အရှိအတိုင်းပဲနေတတ်သူတွေပါ။

ကိုယ့်ကိုကိုယ်ဦးစားပေးတယ်

သင်က ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အချိန်အများစုက ကိုယ့်ကိုကိုယ်ပဲ ဦးစားပေးရပါမယ်။ အလွယ်ရတဲ့ မိန်းကလေးကို ဘယ်ကောင်လေးမှ တန်ဖိုးမထားကြပါဘူး။ သင့်ကိုယ်သင် ပထမဦးစားပေးလိုက်တာနဲ့ လူတွေက သင့်ရဲ့ယုံကြည်မှုကို တွေ့မြင်လာမှာပါ။ သင့်ကိုယ်သင် ဂရုစိုက်လာတာနဲ့အမျှ အခြားသူတွေကိုပါ ပိုဂရုစိုက်လာပါတယ်။

အရင်ကထက် ပိုတော်အောင်ကြိုးစားတယ်

ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေက ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ကြပါတယ်။ ဘဝအောင်မြင်ရေးပန်းတိုင်တွေချမှတ်တတ်ကြတယ်။ ရလာတဲ့အခွင့်အရေးကို အမိအရယူတတ်ပါတယ်။ အသစ်အသစ်တွေကို သင်ယူရင်း ကိုယ့်အရည်အချင်းတွေကို ရှာဖွေနေသူတွေဖြစ်ပါတယ်။

တာဝန်ယူစိတ်ရှိတယ်

ကိုယ်မကျေနပ်တဲ့ကိစ္စအတွက် ပြဿနာရှာနေမယ့်အစား ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေက တာဝန်ယူမှုရှိကြပါတယ်။ သူတို့ရဲ့ အမှားတွေကို တာဝန်ယူတတ်ကြပါတယ်။ ဒါကြောင့် ပြဿနာကြုံလာတိုင်း ငြီးငြူမနေဘဲ ဖြေရှင်းတာက သင့်ကို ဆွဲဆောင်မှုရှိစေပါတယ်။

အားကစားလိုက်စားတယ်

အလှအပဆိုတာက ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုထိန်းသိမ်းတဲ့နေရာမှာ လေ့ကျင့်ခန်းက ခန္ဓာကိုယ်အတွင်းရော ပြင်ပအတွက်ပါ ကောင်းမွန်တဲ့ အရာတစ်ခုပါ။ သင့်ခန္ဓာကိုယ်ကျန်းမာရုံမက သင့်ရဲ့စိတ်ထဲမှာလည်း ယုံကြည်မှုတွေ မွေးဖွားစေပါတယ်။ သင်က အားကစားအခုမှ စလုပ်သူဆိုရင် ဘယ်လေ့ကျင့်ခန်း ဘယ်အားကစားနည်းက သင့်အတွက် သင့်တော်လဲဆိုတာ ရှာဖွေနိုင်ပါသေးတယ်။

ထက်မြက်တယ်

စကားဝိုင်းကောင်းကောင်းကို အစပျိုးနိုင်သူတွေက ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေပါ။ ဒီအမျိုးသမီးတွေက အကြောင်းအရာသစ်တွေကို အမြဲတစေ့ စိတ်ဝင်စားတတ်ပြီး ဗဟုသုတလည်း ကြွယ်ဝကြပါတယ်။

ဟာသဉာဏ်ရှိတယ်

မိန်းကလေးတစ်ယောက်မှာဟာသဉာဏ်ရှိဖို့လည်း လိုအပ်ပါတယ်။ ဒီလိုမှ လူတိုင်းနဲ့ ပေါင်းရသင်းရလွယ်စေပါတယ်။ သင်ရောက်ပြီဆိုတာနဲ့ လူအားလုံးပျော်သွားကြတယ် အားတတ်သွားတယ်ဆိုရင်တော့ သင်က ဆွဲဆောင်မှုရှိလွန်းနေပါပြီ။

နားထောင်တတ်သူဖြစ်တယ်

စကားပြောကောင်းသလို ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေက တစ်ပါးသူပြောတာကိုလည်း ဂရုတစိုက်နားထောင်ပေးတတ်ပါတယ်။ လူတွေက သူတို့ပြောစကားတွေကို နားထောင်ပေးသူတွေကို ချစ်ခင်လေးစားတတ်ကြပါတယ်။

အကောင်းမြင်စိတ်ရှိတယ်

သင်ဟာ အပြင်ပန်းလှရုံမက အကောင်းမြင်စိတ်ရှိခြင်းကလည်း သင့်ကို ဆွဲဆောင်မှုရှိသူဖြစ်စေပါတယ်။

အပေါ်က အကျင့်အားလုံး မပိုင်ဆိုင်ခဲ့ရင်တောင် ကိုယ့်အတွက် ဒါတွေက အကျိုးဖြစ်ထွန်းရင် အတုယူသင့်ပါတယ်။ ဒီလိုအကျင့်တွေ ပိုင်ဆိုင်သူတစ်ယောက်က ချစ်ခင်သူများတာ မဆန်းပါဘူး။ ဒါကြောင့်လည်း ကိုယ့်ကို ချစ်တဲ့ ကောင်လေးတွေများပြားပြီး အမြဲခါချနေရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာပါ။

Photo Source: Pinterest