တချို့အမျိုးသားတွေ ဘာဝတ်ဝတ်အဆင်ပြေနေတာ မြင်ဖူးကြမှာပါ။ တစ်ခါတလေ တီရှပ်နဲ့ Jeans လောက်နဲ့တင် Suit နဲ့လာတဲ့သူတွေထက် ပိုပြီး စမတ်ကျနေတာ တွေ့ရမှာပါ။ သူတို့ကို ကြည့်လိုက်ရင် အမြဲ သက်တောင့်သက်သာရှိပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ချမှုလည်း အပြည့်ရှိတာ တွေ့ရတတ်ပါတယ်။ ကဲ ဒီလူတွေဆီက အကျင့်လေးတွေ အတုခိုးရအောင်ပါ။

(၁) Casual ဆန်တာတွေချည်းပဲ ဝယ်မထားဘူး

Handsome businesman in a summer city

Photo: Freepik

တစ်နေ့လာလည်း ဒီဝတ်စုံပဲ ။ တစ်နေ့လာလည်းဒီဖက်ရှင်ပဲ ဆိုရင် သိပ်မမိုက်ပါဘူး။ နောက်တစ်ခုက လူငယ်ဆန်ရင် ပြီးရောဆိုပြီး ကိုယ့်အဝတ်ဗီရိုထဲမှာ Hoodies တွေ ၊ Graphic Tee နဲ့ Running Shoes တွေချည်းပဲ ရှိနေလို့ မဖြစ်ပါဘူး။ Stylish ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာ ကြည့်ကောင်းရုံနဲ့ ရုပ်ထွက်ပိုကောင်းမယ့် ဖက်ရှင်တွေကို သေချာ ခွဲခြားသိသူတွေ ဖြစ်ပါတယ်။ ဒီလိုပြောလို့ အမြဲတမ်း Formally ဝတ်စရာ မလိုပါဘူး။ အမြဲတမ်း လူငယ်ဆန်တာချည်း ဝတ်မနေဖို့နဲ့ ဝယ်ထားရင် ဘယ်တော့မှ မမှားတဲ့ ဖက်ရှင်တွေအတွက် ပိုက်ဆံပိုသုံးဖို့ ပြောလိုရင်း ဖြစ်ပါတယ်။

(၂) အရွယ်နဲ့ လိုက်အောင် ဝယ်တတ်/ဝတ်တတ်တယ်

Brutal man model

Photo: Freepik
အသက်ဆိုတာ ငယ်သွားတဲ့ အမျိုး မဟုတ်ပါဘူး။ အဝတ်အစားအတွက် ပိုက်ဆံသုံးမယ်ဆိုရင် ကိုယ့်အသက်ထက် နှစ်နှစ် သုံးနှစ်လောက်ကို ကြိုတွေးပြီး ဝယ်တာက မှန်ကန်တဲ့ ငွေသုံးစွဲမှု ဖြစ်ပါလိမ့်မယ်။ ဥပမာ- ကိုယ်က အခု တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားဆိုပါတော့။ နောက် နှစ်နှစ် သုံးနှစ်ဆို အလုပ်ခွင်ထဲ ဝင်ရတော့မှာပါ။ လုပ်ငန်းခွင်မှာ လူရိုသေရှင်ရိုသေ အဝတ်ကောင်းအစားကောင်းအတွက် ပိုက်ဆံစုထားဖို့ ဖြစ်ပါတယ်။ အဝတ်အစားဆိုတာ မဝယ်ခင် အချိန်ယူစဉ်းစားရပါတယ်။ ဝယ်ပြီးရင် လွှင့်ပစ်လို့မှ မရဘဲကိုး။

(၃) ရာသီဥတုနဲ့ လိုက်အောင် ဝတ်တယ်

Handsome stylish bearded man walking in city street with leather travel bag wearing sweatshirt and sunglasses

Photo: Freepik

Stylish ဖြစ်တဲ့သူတွေဟာ လူအထင်ကြီးအောင်ဆိုပြီး အမြဲတမ်း ကုတ်ကြီးတကားကားနဲ့ လျှောက်မသွားပါဘူး။ ဘယ်နေရာမှာ ဘယ်အဝတ်အစား ဝတ်ရမယ်။ ဘယ်ရာသီမှာ ဘယ်လို အရောင်နဲ့ ဘယ်လိုဖက်ရှင်မျိုး ဝတ်ရမယ်ဆိုတာကို အမြဲစဉ်းစားတတ်သူတွေ ဖြစ်ပါတယ်။ နွေရာသီကြီး Chelsea Boot စီးတာမျိုး ဆောင်းတွင်းကြီး အရောင်တောက်တောက် ဝတ်သွားတာမျိုးကို ရှောင်ကြပါတယ်။

(၄) အားကစားမလုပ်ဘဲနဲ့ Sports ဝတ်စုံတွေ မဝတ်ဘူး

smiling young male athlete standing on race track

Photo: Freepik

Gym အဝတ်အစားဆိုတာ လမ်းပေါ်လျှောက်သွားနေချိန် ဝတ်ဖို့ မဟုတ်ပါဘူး။ အပြေးဖိနပ်ဆိုတာ ရုံးတက်ချိန် စီးဖို့ မဟုတ်ပါဘူး။ ကမ်းခြေစီးဖိနပ်ဆိုတာ ပွဲတက်ဖို့ မဟုတ်ပါဘူး။ အဝတ်အစားဝတ်တတ်တဲ့သူဆိုတာ ဘယ်နေရာမှာ ဘာဝတ်ရမလဲ သိတဲ့သူကို ပြောတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တဲ့သူတွေ ဖြစ်လို့ ကိုယ့်အဝတ်အစားက ဘယ်လိုအဓိပ္ပါယ်ပေါက်သွားမလဲဆိုတာပါ သူတို့က စဉ်းစားတတ်ပါတယ်။

(၅) ကိုယ့်ပုံစံနဲ့ကိုယ် ဝတ်တယ် ။ ဆယ်လီတွေလို လိုက်မဝတ်ဘူး

African american student walking in the street

Photo: Freepik

စတိုင်ကျတဲ့သူတွေက သူများဝတ်တဲ့ဖက်ရှင်ကနေ အမြင်သစ် ယူတတ်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ပုံတူကူးမချပါဘူး။ လူတိုင်းမှာ Personal Style ဆိုတာ ရှိပါတယ်။ ကိုယ်ပိုင် စတိုင်ကပဲ ကိုယ့်ရဲ့ပုံစံနဲ့ ကိုယ့်ရဲ့ အားသာချက်တွေကို ထင်းထင်းကြီး ပြသနိုင်မှာပါ။ သူများပုံစံကို ကူးချရင် ဒုတိယတခြားလူ ဖြစ်သွားမှာပါပဲ။ Personal Style ရှိသူတွေဟာ ဆယ်လီတွေ ဝတ်တိုင်း လျှောက်မဝတ်သလို Brand တွေ Label တွေကို အစွဲမရှိဘဲ Quality နဲ့ ကိုယ်ဝတ်လို့ Fit ဖြစ်မဖြစ်ဆိုတာကို ဦးစားပေးစဉ်းစားတတ်သူတွေလည်း ဖြစ်ပါတယ်။