အောင်မြင်ချင်ရင် Focus ပြတ်ဖို့ လိုပါတယ်။ ရည်မှန်းချက်တစ်ခုခုကို တစိုက်မတ်မတ် လိုက်လုပ်တတ်သူတွေဟာ တချိန်မှာ အောင်မြင်မှုပန်းတိုင်ဆီ ရောက်နိုင်ပါတယ်။ တစ်ခုခုကို စူးစူးစိုက်စိုက် လိုက်လုပ်လေ့ရှိသူတွေရဲ့ အကျင့်လေးတွေကနေ သင်ယူဖို့ အရင်ဆုံး သူတို့ရဲ့ အကျင့်လေးတွေကြောင်း ပြောပြပါရစေ။
(၁) သူတို့မှာ လုပ်ရိုးလုပ်စဉ်လေးတွေ ရှိတယ်
Photo : Unsplash
စူးစိုက်မှုအားကောင်းတဲ့ သူတွေဟာ Routines လို့ ခေါ်တဲ့ အစဉ်အလာ လုပ်ထုံးလေးတွေ သဘောကျကြပါတယ်။. အစီအစဉ်တကျ လုပ်ရမယ့်အချက်ကို သိတဲ့သူဟာ အလုပ်လုပ်ရတာ တွင်ကျယ်လွယ်ကူတာပါပဲ။ အာရုံစိုက်ဖို့ ခက်ရင် ကိုယ့်မှာ ပုံမှန်အစီအစဉ်လေးတွေ ချထားကြည့်ပါ။
(၂) အလုပ်တွေကို ဘယ်လိုရွှေ့ဆိုင်းရမလဲ သိတယ်
Photo: Career Trend
နောက်တစ်ချက်က သူတို့ဟာ အချိန်ကစားတတ်သူတွေ ဖြစ်ပါတယ်။ အလုပ်တစ်ခုခုကို ဘယ်အချိန်မှာ ဘယ်လိုလုပ်ရင် ပြီးသွားမယ်ဆိုတာ သိကြခြင်းပဲ ဖြစ်ပါတယ်။ အလုပ်တွေပုံအောင် ထားတာထက် ပြဿနာအလေးအပေါ့ကို ချိန်ဆပြီး ဘယ်အချိန်မှာ ထရှင်းရမလဲ သိတာကြောင့် အလုပ်ဝန်မပိသလို ကိုယ့်လက်ရှိအလုပ်ပေါ်မှာလည်း အာရုံအပြည့်ထားနိုင်မှာ ဖြစ်ပါတယ်။
(၃) အာရုံစိုက်ဖို့ အတားအဆီးဖြစ်တဲ့အရာတွေ အမြဲရှင်းတယ်
Photo: 123RF
Focus ဆိုတာ ပြဿနာအစစ်က ဘာလဲ ကြည့်ခြင်းဖြစ်ပါတယ်။ အတားအဆီးတွေကို ကျော်ပြီး ကြည့်ခြင်းဟာ အာရုံစူးစိုက်မှုရဲ့ အခရာအချက် ဖြစ်ပါတယ်။ အင်ပြည့်အားပြည့် အာရုံစိုက်နိုင်ဖို့ မလိုလားအပ်တဲ့ အဟန့်အတား အနှောင့်အယှက်တွေကို ဖယ်ရှားပြီး ကြည့်နိုင်တဲ့ အကျင့်မွေးထားသင့်ပါတယ်။
(၄) ကိုယ့်ကိုယ်ကိုယ် ငဲ့ညှာတယ်
Photo: Unsplash
တကယ် အာရုံစိုက်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် သေချာသိဖို့ လိုပါတယ်။ ပင်ပန်းနေတဲ့အချိန် အာရုံစိုက်ဖို့ဆိုတာ ဘယ်ဖြစ်မလဲ။ အဲ့လို အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် အနားပေး အားမွေးရမှာပေါ့။ Focus ဖြစ်ဖို့ ကိုယ့်ကိုယ်နဲ့စိတ်ကို ညှာတာပါ။
(၅) ပြတ်သားတဲ့ တန််ဖိုးတွေ ရှိတယ်
Photo: SimpleTexting
ရှင်းရှင်းပြတ်ပြတ် မြင်နိုင်/တွေးနိုင်/လုပ်နိုင်ဖို့ အရင်ဆုံး ကိုယ့်အမြင်တွေ ရှင်းနေရပါမယ်။ ကိုယ့်ရဲ့ စံတန်ဖိုးတွေကို သေချာသိထားရပါမယ်။ အလုပ်လုပ်ချိန်မှာ ကိုယ့်အလုပ်က ဘာလဲ။ ဒီအလုပ်ရဲ့ သက်ရောက်မှုက ဘယ်လိုလဲဆိုတာ သေချာသိမှ ကိုယ့်အလုပ်ပေါ် အပြတ်သားဆုံး အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။