စိတ်ခံစားချက်ကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ ဉာဏ်ရည်မြင့်ပုဂ္ဂိုလ်တွေကို EQ ကောင်းတယ်လို့ ပြောကြပါတယ်။ EQ ကောင်းခြင်းဟာ အလုပ်အကိုင်နယ်ပယ်အသီးသီးမှာ အောင်မြင်မှုရစေနိုင်တဲ့ အကြောင်းရင်းတစ်ခုလို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါဆို EQ မြင့်တယ် ၊ စိတ်ဖြောင့်တယ်ဆိုတဲ့သူတွေက ဘယ်လိုလူမျိုးတွေလဲ။ သူတို့မှာ ဘယ်လိုအလေ့အထလေးတွေ တွေ့ရသလဲဆိုတာ ကြည့်ရအောင်ပါ။

(၁) တစ်ခြားသူတွေ သူတို့ကို သဘောကျလာအောင် မကြိုးစားဘူး

Photo: Shutterstock

EQ မြင့်ခြင်းထဲက အရေးကြီးတဲ့ အရည်အသွေးက ရိုးဖြောင့်ခြင်းပါ။ ရိုးဖြောင့်တဲ့လူဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ အမှန်အတိုင်း သိပါတယ်။ သိလို့လည်း ကိုယ့်ကို သဘောကျသူတွေအပေါ်ရော သဘောမကျသူတွေအပေါ်ပါ No Problem သဘောထားတတ်သူပါ။ လူတွေထင်မြင်ချက်ပေါ်မှာ မရပ်တတ်တဲ့သူဖြစ်လို့ လွတ်လပ်မှု ရှိတဲ့သူလို့လည်း ဆိုနိုင်ပါတယ်။

(၂) အရမ်းကာရော မဝေဖန်ဘူး

Photo: Shutterstock

ဝေဖန်ဖို့ဆိုတာ လွယ်ပါတယ်။ ဘယ်သူမဆို လုပ်နိုင်တဲ့ အလုပ်ပါ။ ကြောင်းကျိုးဆင်ခြင်ဉာဏ် ရှိသူတစ်ယောက်အဖို့ အကြောင်းအကျိုး ဆိုတာကို ဘက်ပေါင်းစုံက ချိန်ပြီး အရင်စဉ်းစားပါတယ်။ ကျယ်ပြန့်တဲ့ သဘောထားရှိသူတစ်ယောက်ဆီက အရမ်းကာရော ပြစ်တင်ဝေဖန်တာကို ကြားရခဲပါလိမ့်မယ်။

(၃) ရက်ရောတယ်

Photo: Shutterstock

ရက်ရောခြင်းဟာ လူ့လောကကို ပိုပြီး လှပစေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အသိပညာအားဖြင့် ကိုယ်သိထားတာကို မျှဝေတာ ၊ ကိုယ်ရထားတဲ့ သတင်းအချက်အလက် မျှဝေတာ ၊ တတ်အားသမျှ ငွေကြေး ၊ လုပ်အား ၊ နှုတ်အားဖြင့် ကူညီတာဟာ ရက်ရောခြင်းရဲ့ လှပတဲ့ မှန်ကူကွက်လေးတွေပဲ ဖြစ်ပါတယ်။

(၄) လေးစားမှုနဲ့ လူတွေကို ဆက်ဆံတယ်

Photo: Shutterstock

လူတွေဆက်ဆံရာမှာပဲ ဖြစ်ဖြစ် အလုပ်သဘောနဲ့ပဲ တွေ့တွေ့ လူတိုင်းပေါ် လေးစားမှုထားပြီး ဆက်ဆံခြင်းဟာ ယဉ်ကျေးပျူငှာတဲ့ လူတွေရဲ့ နေထိုင်နည်း ဖြစ်ပါတယ်။ လေးစားမှု ပေးလိုက်လို့ ကိုယ့်အနေအထား နိမ့်ကျမသွားဘူးဆိုတာကို စိတ်ဓါတ်ပြည့်တဲ့သူတွေက သိထားကြပါတယ်။

(၅) ပစ္စည်းကြောင့် မာန်မတက်ဘူး

Photo: Shutterstock

ရုပ်ဝတ္ထုပစ္စည်းတွေက စိတ်နေမြင့်သူတွေပါ။ သူတို့စိတ်အပေါ် ပြင်ပရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုတွေက လွှမ်းမိုးမှု မရှိပါဘူး။ ဒါကြောင့်ပဲ ပစ္စည်းအားကိုးနဲ့ လူကြားမှာ မောက်မာဝံ့ကြွားမှု မရှိတာပဲ ဖြစ်ပါတယ်။