ယောင်္ကျားတစ်ယောက်ကို ဆွဲဆောင်မှုရှိစေတဲ့ အရာတွေ ရှိသလို ခန့်ညားမှုကို ဖျက်ဆီးနေတဲ့ အရာတွေလည်း ရှိပါတယ်။ ကိုယ့်ရဲ့ ဆွဲဆောင်နိုင်စွမ်းကို ထိခိုက်စေမယ့်လုပ်ရပ်တွေ ရှောင်ကြဉ်ခြင်းဟာ စမတ်ကျပြီး စတိုင်မိတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ဖို့ ပိုပြီး နီးစပ်မှု ရှိစေနိုင်ပါတယ်။ ဒီတော့ ဆွဲဆောင်မှုရှိပြီး ခန့်ညားတဲ့ အမျိုးသားတွေ မလုပ်တဲ့အရာလေးတွေအကြောင်း ကြည့်လိုက်ရအောင်။
(၁) ဖိအားတွေ သိပ်မထားတတ်ဘူး
Photo: Freepik
Stress များရင် ရုပ်ဖြောင့်ပါတယ်ဆိုတဲ့ အမျိုးသားတွေတောင် ကြည့်လို့မကောင်း ဖြစ်သွားတတ်ပါတယ်။ ပြုံးပြုံးပျော်ပျော် နေတတ်တဲ့သူတစ်ယောက်ဟာ အလိုလိုနေရင်း Good-Looking ဖြစ်နေတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဆွဲဆောင်မှုကောင်းအောင် များများသာ ပြုံးတဲ့အကျင့် လုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်။
(၂) သူများနောက်လိုက် မလုပ်တတ်ဘူး
Photo: Freepik
ကိုယ့်ပတ်ဝန်းကျင်က အားကျရတဲ့ အမျိုးသားတွေကို ကြည့်လိုက်ရင် ကိုယ်ပိုင်ခံယူချက်ရှိတဲ့သူတွေ ၊ သူတကာရဲ့ အထင်အမြင်တွေနဲ့ အချိန်အကုန်မခံသူတွေဆိုတာ တွေ့ရပါလိမ့်မယ်။ အကြောင်းက အဲ့လိုလူတွေဟာ ဦးဆောင်သူ Leader တွေ ဖြစ်ပြီး လူအုပ်ကြီးထဲ ရောယောင်လိုက်နေတဲ့ နောက်လိုက်မဟုတ်လို့ပါပဲ။ သူတို့ဟာ Confidence ရှိတယ်။ ကိုယ်ပိုင်ရပ်တည်ချက် ခိုင်မာတယ်။ ကိုယ်ပိုင်စံနှုန်းကောင်းတွေ ရှိတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ လူများ အားကျရတဲ့သူဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမွေးပါ။ ကိုယ့်ရဲ့ အဆင့်အတန်းရှိတဲ့ စရိုက်နဲ့စံနှုန်းတွေ ပျိုးထောင်ပေးနေသင့်ပါတယ်။
(၃) မကြွားတတ်ဘူး
Photo: Freepik
ကြွားဝါခြင်းဟာ မပြည့်တဲ့သူတွေ လုပ်တဲ့ အလုပ်ဖြစ်ပါတယ်။ ကြွားတဲ့သူတွေဟာ ရင့်ကျက်ပြီး သဘောထားပြည့်ဝသူတွေအမြင်မှာ ရှက်စရာပါပဲ။ လူတွေရဲ့ အထင်အမြင်ကောင်း ရချင်ရင် ကြွားဝါတာမျိုး မလုပ်ဖို့ ၊ ဟောင်ဖွာဟောင်ဖွာနဲ့ ထင်ရာမပြောဖို့ လိုပါတယ်။
(၄) ကလေးမဆန်ဘူး
Photo: Freepik
သမီးရည်းစားကိစ္စတွေမှာ ပတ်ချွဲနှပ်ချွဲ သိပ်လုပ်တတ်တဲ့သူတွေ ၊ လူမှုဆက်ဆံရေးမှာ ကလေးကလားဆန်တဲ့သူတွေဟာ ရုပ်ဖြောင့်တောင် ဆွဲဆောင်မှုရှိတဲ့စာရင်းမှာ မပါပါဘူး။ နေတတ်ထိုင်တတ်ခြင်းဟာ ဆွဲဆောင်မှုရှိစေတဲ့ အဓိကအကြောင်းတရားပဲ ဖြစ်ပါတယ်။
(၅) ညစ်ညစ်ပတ်ပတ် မနေတတ်ဘူး
Photo: Freepik
ဆွဲဆောင်မှုရှိတဲ့သူတွေကို ကြည့်လိုက်ရင် သပ်သပ်ရပ်ရပ် ဝတ်စားတတ်သူတွေ ။ မွှေးမွှေးကြိုင်ကြိုင် သန့်သန့်ရှင်းရှင်းနေတတ်သူတွေ ဖြစ်တယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ အနည်းဆုံး သွားတွေ ၊ လက်သည်း ၊ ခြေသည်းတွေ သန့်ရှင်းဖြူစင်အောင် ထားတာ ၊ ဆံပင်ပုံစံ ကြည့်ကောင်းအောင် ပုံသွင်းထားသူတွေ ၊ အဝတ်အစားကို ဖြူဖြူသန့်သန့်ဖြစ်အောင် ဂရုစိုက်သူတွေ ဖြစ်ပါတယ်။ အခုပြောခဲ့တာတွေကတော့ ဆွဲဆောင်မှုရှိသူတွေ သတိထားတဲ့အကျင့်လေးတွေ ဖြစ်ပြီး ဒီအချက်လေးတွေ လိုက်နာခြင်းအားဖြင့် ယောင်္ကျားပီသပြီး ကြည့်ကောင်းသူတွေ ဖြစ်လာမှာပါ။