ယောကျာ်းလေး အများစုက မိန်းကလေးတွေနဲ့ စာရင် သူတို့ ခံစားချက်ကို သိပ်ထုတ်မပြတတ်ကြပါဘူး။ စိတ်ညစ်စရာရှိရင်လည်း နှုတ်ကနေ ထုတ်မပြောဘဲ ဒီအတိုင်းပဲ ထားတတ်ကြပါတယ်။ သူတို့မှာ တကယ်ချစ်တဲ့ မိန်းကလေး တစ်ယောက်ရှိခဲ့ရင် ဒီမိန်းကလေး စိတ်ညစ်မှာ ကြောက်လို့ ခံစားချက်တွေကို သိုဝှက်ထားတတ်ကြပါတယ်​။ ဒီတစ်ခေါက်မှာတော့ ပုရိသ အမျိုးသားတွေ သူတို့ ချစ်ရတဲ့ မိန်းကလေးတွေကို မပြောလည်း အလိုလို သိစေချင်တဲ့ အရာတွေကို ဖော်ပြပါရစေ။ ဒီအကြောင်းအရာကို ဖတ်နေတဲ့ သင်က မိန်းကလေးတစ်ဦး ဖြစ်နေမယ်ဆိုရင် သင်ချစ်ရတဲ့ ကောင်လေးရဲ့ ခံစားချက်တွေကို ဒီကနေတဆင့် ရင်ခုန်ဖွယ် သိနိုင်မှာပါ။

၁။ ဂိမ်းဆော့နေတဲ့အခါ

ယောကျာ်းလေးတွေက ဂိမ်းဆော့ရတာကို သဘောကျတယ်ဆိုရင် အရာရာကို မေ့နေတတ်ကြပါတယ်​။ တကယ်လို့ သင့်ဆီက ဖုန်းကို ကိုင်ခဲ့မယ်၊ စာပြန်ပို့တယ်ဆိုရင်တော့ သင်က သူတို့ တကယ်ချစ်ရတဲ့ ကောင်မလေး မို့လို့ပါ။

၂။ မနက်နိုးတဲ့အချိန်

Photo source: iStock

မနက်နိုးတဲ့ အချိန် သင့်ဆီကို သင့်ကောင်လေးက Morning Text ပို့တတ်တယ်၊ ဒါမှမဟုတ် Morning လို့ ဖုန်းထဲက ပြောတတ်တာက သူတို့တစ်နေ့တာကို အပြုံးနဲ့ စတင်ချင်လို့ပါ။

၃။ မိန်းကလေးတွေ ကပ်လေ့ရှိတဲ့ Face Mask

မိန်းကလေးတွေ အသားအရေ ထိန်းသိမ်းတဲ့အခါ လုပ်လေ့ရှိတဲ့ Mask ကပ်တာ၊ Scrub တိုက်တာ စတာတွေကို ယောကျာ်းလေးတွေလည်း လုပ်ကြည့်ချင်ကြပါတယ်။ မပြောတာပဲ ရှိတာပါ။

၄။ “I Miss You” ဆိုတဲ့ စာ

ယောကျာ်းလေးတွေက ချစ်ရသူဆီက “I miss You; လွမ်းတယ်” ဆိုတဲ့ ရုတ်တရက် ပို့တတ်တဲ့ Message တွေကို လိုချင်ကြပါတယ်။ ဒီစာတွေက သူတို့ရဲ့ နှလုံးသားကို နွေးထွေးစေလို့ပါ။

၅။ သူတို့ အကြောင်းကို ပြောတဲ့အချိန်

မိန်းကလေးတွေက သူတို့အကြောင်းကို တခြားသူဆီမှာ ပြောပြတဲ့အခါ ယောကျာ်းလေးတွေရင်ထဲမှာ ကြည်နူးသွားတတ်ပါတယ်။ သူတို့ကို ချစ်ရသူ ကောင်မလေးက တကယ်ချစ်တယ်လို့ ခံစားသွားရစေပါတယ်။

၆။ ဖုန်းဆက်တာ

ယောကျာ်းလေးတွေက ချစ်သူကောင်မလေး ရုတ်တရက် ဖုန်းဆက်တာမျိုးကို လိုချင်ကြပါတယ်။ ဒီလိုခေါ်လိုက်တဲ့အခါ ချစ်ရသူက သူတို့နဲ့ စကားပြောချင်တယ်လို့ ယုံကြည်သွားလို့ပါ။

၇။ အတွေးလွန်တယ်

ယောကျာ်းလေးတွေက သိပ်မတွေးဘူးလို့ သင်ထင်နေမှာပါ။ ဒါပေမဲ့ အမျိုးသား တွေက ချစ်ရသူနဲ့ ပတ်သက်ရင် အမျိုးမျိုး တွေးတတ်ကြပါတယ်​။ ကြံဖန် စိတ်ပူပြီး ကြံဖန် သဝန်တိုတတ်ပါသေးတယ်။

Photo Source: Pinterest

By MyStyle Myanmar