မင်္ဂလာပါနော်။ မိန်းကလေးတွေနှစ်သက်မက်မောရတဲ့ အလှတရားထဲမှာ နှုတ်ခမ်းသားကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မိန်းကလေးတိုင်း နှုတ်ခမ်းသားပြည့်ပြည့်ဖူးဖူးလေးကို ပိုင်ဆိုင်ချင်ကြပါတယ်။

အဲဒီအတွက် အသားအနာခံပြီး ခွဲစိတ်ပြုပြင်မှုမလုပ်ချင်သူတွေ၊ Filler မထိုးချင်သူတွေအတွက် နည်းလမ်းကောင်းတချို့ကိုမျှဝေပေးချင်ပါတယ်။

၁။ နှုတ်ခမ်းသားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပါ။

နှုတ်ခမ်းကွဲတာ၊ ခြောက်တာမျိုးမဖြစ်စေဖို့အတွက် နှုတ်ခမ်းကို အုန်းဆီနဲ့ သကြားနည်းနည်းရောလိမ်းလိုက်ပြီး သွားပွတ်တံနဲ့ သေချာလေး ပွတ်ပေးလိုက်ပါ။

Vaseline အဆီကိုလိမ်းပြီး သွားပွတ်တံနဲ့ ပွတ်ပေးလို့လည်းရပါတယ်နော်။

၂။ သင့်ရဲ့ နှုတ်ခမ်းကို Concealer နည်းနည်းသုံးပေးပါ။

သင့်နှုတ်ခမ်းမှာ နှုတ်ခမ်းနီမဆိုးခင် နှုတ်ခမ်းအနားလေးတွေကို Concealer လိမ်းပေးလိုက်ပါ။ ပြီးရင်သေချာလေး Blend လုပ်ပေးလိုက်ပါ။

၃။ Lip Gloss လိမ်းပါ

သင့်နှုတ်ခမ်းအတွက် Lip Gloss လိမ်းပေးနိုင်ပါတယ်။

၄။ နှုတ်ခမ်းကိုပုံဖော်ပါ

သင့်နှုတ်ခမ်းသားကို ပိုကြီးသလိုထင်ရစေဖို့ နှုတ်ခမ်းဘေးနားကို Lip Liner နဲ့ ပုံဖော်လိုက်ပါ။

၅။ အရောင်ရင့်ရင့်နှုတ်ခမ်းနီထက် အရောင်ဖျော့တဲ့ နှုတ်ခမ်းနီသုံးပေးပါ

သင့်နှုတ်ခမ်းပေါ်မှာ အရောင်ရင့်တာထက် အရောင်နုနုနှုတ်ခမ်းနီကို လိမ်းပေးပါ။

၆။ မတူညီတဲ့အရောင်နှစ်ခုလိမ်းပါ

Nude နှုတ်ခမ်းနီကိုအရင်ဆုံး နှုတ်ခမ်းတစ်ခုလုံးမှာ လိမ်းလိုက်ပြီး ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီကို အဲဒီအပေါ်ကနေ ထပ်လိမ်းပေးလိုက်ပါ။

၇။ နှုတ်ခမ်းနီဆိုးပေးရင် Concealer လိမ်းပေးဖို့မမေ့ပါနဲ့

နှုတ်ခမ်းနီဆိုးပေးတဲ့အခါ Concealer လိမ်းပေးပြီးအဆုံးသတ်ဖို့မမေ့ပါနဲ့။

Source: www.trendcrown.com

Featured Image Source: VIVA GLAM MAGAZINE